
ဒိုဟာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ ပဲရစ်အိုလံပစ်ပြိုင်ပွဲ ငွေတံဆိပ်ဆုရှင် ချီရင်သည် နိုဝင်ဘာ ၁၂ ရက်က ဒိုဟာ၌ ကျင်းပသည့် ISSF သေနတ်ပစ်အားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ အမျိုးသား Trap ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့ပြီး ၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ်အိုလံပစ်ပြိုင်ပွဲအတွက် တရုတ်နိုင်ငံ၏ အိုလံပစ်ခွဲတမ်းနေရာကို ရယူပေးနိုင်ခဲ့သည်။
ချီရင်သည် ပစ်မှတ် ၁၂၅ ခုအနက် ၁၂၂ ခု ထိမှန်ကာ အရည်အချင်းစစ်ပြိုင်ပွဲတွင် ဒုတိယနေရာရရှိပြီး နောက်ဆုံးအဆင့်သို့ တက်ရောက်ခဲ့သည်။
နောက်ဆုံးအဆင့်တွင် ချီရင်သည် အစောပိုင်း ပစ်ခတ်မှု အကျော့၌ ပစ်မှတ် ၅ ခုစလုံးကို ထိမှန်ကာ ကောင်းမွန်စွာစတင်နိုင်ခဲ့သည်။ သို့သော် ၎င်း၏ ၉ ကြိမ်မြောက်နှင့် ၁၁ ကြိမ်မြောက် ပစ်ချက်များတွင် ပစ်မှတ်လွဲချော်ခဲ့သဖြင့် အဆင့် ၅ သို့ ကျဆင်းသွားခဲ့သည်။ ထို့နောက် ပစ်မှတ် ၉ ခု ဆက်တိုက် ထိမှန်ခဲ့ပြီး ပထမဆုံး ပစ်ချက် ၂၀ တွင် ၁၈ ခု ထိမှန်ခဲ့သည်။ တူရကီနိုင်ငံမှ ယီလ်မတ်ဇ် နှင့် ရမှတ်တူခဲ့သော်လည်း အရည်အချင်းစစ်ပြိုင်ပွဲတွင် အဆင့်ပိုမြင့်ခဲ့ခြင်းကြောင့် ထိပ်ဆုံး ၃ ဦးစာရင်းသို့ တက်ရောက်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ပစ်မှတ် ၂၂ ခု ထိမှန်ကာ ကြေးတံဆိပ်ဆု ရရှိခဲ့သည်။
“ဒီရလဒ်ကို လော့စ်အိန်ဂျလိစ် ၂၀၂၈ အိုလံပစ်ပြိုင်ပွဲဆီ ဦးတည်တဲ့ ကျွန်တော့်ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မြင်ပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲက ကျွန်တော် ဆက်လက်တိုးတက်ဖို့ လိုအပ်နေသေးတဲ့ အပိုင်းတချို့ကို သိရှိနိုင်အောင် ကူညီပေးခဲ့ပါတယ်။ အဲဒီအပိုင်းတွေကို လေ့ကျင့်ရေးမှာ အာရုံစိုက်ပြီး ပိုမိုရင့်ကျက်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းရည်တွေရရှိလာအောင် ဆက်လက်ကြိုးပမ်းသွားပါမယ်” ဟု ချီရင်က ပြောကြားခဲ့သည်။
အဆိုပါဆုတံဆိပ်သည် ISSF သေနတ်ပစ်အားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် ချီရင်၏ အကြီးတန်းအဆင့် တစ်ဦးချင်းပြိုင်ပွဲ၌ အကောင်းဆုံးရလဒ် ဖြစ်လာခဲ့သည်။
အသက် ၄၀ အရွယ် ကူဝိတ်နိုင်ငံသား အဗ္ဗဒူရာမန် အယ်လ်ဖိုင်ဟန်နှင့် အိန္ဒိယနိုင်ငံမှ ဗီဗန် ကပူးရ် တို့သည် နောက်ဆုံးအဆင့်တွင် ပစ်မှတ် ၂၉ ခုစီ ထိမှန်ခဲ့သဖြင့် အနိုင်အရှုံးဆုံးဖြတ်ရန် အချိန်ပိုယှဉ်ပြိုင်မှု ပြုလုပ်ခဲ့ရသည်။ အယ်လ်ဖိုင်ဟန်သည် သုံးကြိမ်မြောက်အပြီးတွင် ၃-၂ ဖြင့် အနိုင်ရရှိကာ ၎င်း၏ အကြီးတန်းအဆင့် တစ်ဦးချင်း ကမ္ဘာ့ချန်ပီယံဆု ပထမဆုံးအကြိမ် ရရှိခဲ့သည်။
အမျိုးသမီး Trap နောက်ဆုံးအဆင့်တွင် အီတလီနိုင်ငံမှ ဂျက်စီကာ ရော့စီ သည် ပစ်မှတ် ၂၇ ခု ထိမှန်ကာ ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး ဂွါတီမာလာနိုင်ငံမှ အက်ဒရီယာနာ ရူအာနို အိုလီဗာ က ၂၆ ခုဖြင့် ငွေတံဆိပ်ဆု ရရှိခဲ့သည်။ တစ်ဦးချင်း ကြားနေအားကစားသမား ဒါရီယာ ဆီမီယာနိုဗာ က ပစ်မှတ် ၁၉ ခု ထိမှန်ကာ ကြေးတံဆိပ်ဆု ရရှိခဲ့သည်။
Trap ကျား၊မ အတွဲလိုက်ပြိုင်ပွဲကို ချန်ပီယံပြိုင်ပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့် နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)

------------------------------------------
(English Version)
China's Qi wins bronze, secures LA28 quota place at shooting worlds
DOHA, Nov. 12 (Xinhua) -- China's Qi Ying, a silver medalist at the Paris Olympics, claimed bronze in the men's trap event at the ISSF World Championships here on Thursday, securing an Olympic quota place for China at the Los Angeles 2028 Games.
Qi finished second in qualification with 122 hits from 125 targets to advance to the final.
Qi made a strong start in the final, hitting all five targets in his opening series. However, misses on his ninth and 11th shots saw him drop to fifth place. He then hit nine consecutive targets to finish the first 20 shots with 18 hits. Tied with Turkey's Yilmaz, Qi advanced to the top three thanks to his higher qualification ranking and eventually claimed bronze with 22 hits.
"I see this as part of my journey toward the Los Angeles 2028 Olympic Games. The final helped me identify some areas where I still need to improve. I will work on them in training and continue to develop greater technical maturity," Qi said.
The medal marked Qi's best individual result in the senior category at the ISSF World Championships.
Kuwait's 40-year-old Abdulrahman Alfaihan and India's Vivaan Kapoor both hit 29 targets in the final, forcing a shoot-off. Alfaihan prevailed 3-2 after three rounds to claim his first senior individual world title.
In the women's trap final, Italy's Jessica Rossi won gold with 27 hits, followed by Guatemala's Adriana Ruano Oliva with 26. Individual Neutral Athlete Daria Semianova took bronze with 19.
The trap mixed team event will take place on Friday, the final day of the championships.
Photo Caption 1 :Qi Ying of China competes during the Trap Men's Final of Shooting at the 19th Asian Games in Hangzhou, east China's Zhejiang Province, Oct. 1, 2023. (Xinhua/Shan Yuqi)
Photo Caption 2 :Gold medalist Qi Ying (C) of China, silver medalist Talal Alrashidi (L) of Kuwait and bronze medalist Kynan Darius Chenai of India attend the awarding ceremony for the Trap Men's Final of Shooting at the 19th Asian Games in Hangzhou, east China's Zhejiang Province, Oct. 1, 2023. (Xinhua/Shan Yuqi)