Xinhua Myanmar

ဟဲပေ တောင်ပိုင်း လျှပ်စစ်ဓာတ်အားကွန်ရက်၏ လေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး စွမ်းအင်အသစ် တပ်ဆင်စွမ်းအားအချိုးအစား ၆၀ ရာခိုင်နှုန်းကျော် ရှိလာ

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ကွမ်ကျုံးခရိုင် ဟူလူကျေးရွာစု ယန်ဖန်းကျေးရွာအနီးရှိ လေအားလျှပ်စစ်စက်ရုံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီကျားကျွမ်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုကောင်းမွန်စွာ တွန်းအားပေးရန်အတွက် တရုတ်နိုင်ငံ ဟဲပေပြည်နယ် တောင်ပိုင်း လျှပ်စစ်ဓာတ်အားကွန်ရက်ဒေသအတွင်းရှိ ရှီကျားကျွမ်း၊ ပေါင်တင့်၊ ချန်းကျိုး၊ ဟန်သန်း၊ ရှင်ထိုင်၊ ဟိန်ဆွေ မြို့ ၆ မြို့နှင့် ရှုံအန်းဧရိယာသစ်တွင် လေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်း စသည့် စွမ်းအင်အသစ် စီမံကိန်းများကို စနစ်တကျ စီစဉ်ချထားခဲ့ပြီး အစိမ်းရောင် ကာဗွန်နည်းသော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်။

ယခုအခါ ဟဲပေ တောင်ပိုင်း လျှပ်စစ်ဓာတ်အားကွန်ရက်၏ လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်မှု စသည့် စွမ်းအင်အသစ် စုစုပေါင်း တပ်ဆင်စွမ်းအားသည် ကီလိုဝပ် ၆၀၀.၀၃၃ သန်း အထိ ရောက်ရှိပြီး ပေါင်းစည်းထားသော လျှပ်စစ်ဓာတ်အားကွန်ရက် စီမံခန့်ခွဲမှုစနစ်အောက်ရှိ တပ်ဆင်စွမ်းအား၏ ၆၀ ရာခိုင်နှုန်းခန့် ရှိလာသည်။ (Xinhua)

………………………………

(Chinese Version)

河北南网“风光”新能源装机容量占比超60%

新华社照片,石家庄,2026年11月13日

近年来,为更好推进可再生能源健康发展,河北省有序布局南部电网区域内的石家庄、保定、沧州、邯郸、邢台、衡水6市及雄安新区的风电、光伏发电等新能源项目,助力绿色低碳发展。据介绍,目前河北南网风电、光伏发电等新能源总装机容量达到6000.33万千瓦,占统调装机容量的约60%。

图说1:11月12日拍摄的河北省广宗县葫芦乡杨樊村附近的风电场(无人机照片)。 新华社记者 杨世尧 摄

图说2:11月12日,工人在河北省广宗县一家锂电池企业厂房屋顶光伏发电场巡检(无人机照片)。新华社记者 杨世尧 摄

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ကွမ်ကျုံးခရိုင်ရှိ လီသီယမ်ဘက်ထရီ ကုမ္ပဏီလုပ်ငန်းတစ်ခု၏ စက်ရုံအမိုးပေါ် ၌ တပ်ဆင်ထားသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကြည့်ရှုစစ်ဆေးနေသော အလုပ်သမားများအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar