
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မည်ဆိုသည့် ကောလာဟလသတင်းများထွက်ပေါ်နေသော်လည်း စက်သုံးဆီပြတ်လပ်မှုမရှိဘဲ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရောင်းချပေးလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်အပါအဝင် စုစုပေါင်း စက်သုံးဆီအရောင်းဆိုင် (၂၃၃) ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များကို သတ်မှတ်ချက်အတိုင်း စုံ၊မ ရက်များအလိုက် Wheel Tax တွင်ပါရှိသည့် QR/Bar Code ကို Scan ဖတ်ကာ ယာဉ်တစ်စီးချင်းစီအတွက် သတ်မှတ်ထားသည့် ဆီပမာဏ (Quota) အတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ချင်းစီအတွက် ဆီခွဲတမ်း (PO) ကို ယခင် (၇) ရက်အတွင်း QR/Bar Code Scan ဖတ်၍ ရောင်းချခဲ့သည့်ပမာဏအပေါ် အခြေခံတွက်ချက်ကာ အပတ်စဉ် စနေနေ့တိုင်း တစ်ပတ်စာ ခွဲဝေပေးလျက်ရှိပြီး ရောင်းအားမြင့်တက်မှုကြောင့် ဆီလက်ကျန်မလုံလောက်ပါကလည်း Additional PO (ထပ်ဖြည့်ဆီခွဲတမ်း) ဖြင့် ထပ်မံဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။
အိမ်သုံးမီးစက်များ၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများ၊ မြစ်တွင်းသွားစက်လှေများ၊ လူနာတင်ယာဉ်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့ယာဉ်များအပါအဝင် အရေးကြီးနှင့် အရေးပေါ်ယာဉ်များအတွက် သတ်မှတ် Quota မလုံလောက်ပါက စာရင်းမှတ်စနစ်ဖြင့် ဝယ်ယူနိုင်ရန် ဆီအမျိုးအစားအလိုက် ထပ်မံခွဲဝေပေးထားကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အဓိကဆောင်ရွက်သည့်ဒေသ ဖြစ်သည့်အတွက် ထွန်ယက်ဆီ၊ ရေတင်ဆီနှင့် ရိတ်သိမ်းဆီများကိုလည်း Own PO စနစ်ဖြင့် အပတ်စဉ် ခွဲဝေရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရန် လိုအပ်သည့် စက်သုံးဆီများကိုလည်း နိုင်ငံတော်မှပံ့ပိုးသည့် သဘာဝဘေးပြန်လည်ထူထောင်ရေး စက်သုံးဆီများဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
အလားတူ တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းများကို ဈေးနှုန်းသက်သာစွာ ဆောင်ရွက်နိုင်ရန် ပြည်တွင်းထုတ်ဒီဇယ်နှင့် ဓာတ်ဆီများကိုလည်း ဖြန့်ဖြူးပေးလျက်ရှိပြီး လယ်ထွန်စက်များအနေဖြင့် ဆီအရောင်းဆိုင်သို့ လာရောက်ဖြည့်တင်းပါက ဆီတိုင်ကီအတွင်း ဝင်ဆံ့သည့်ပမာဏအတိုင်း ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် ပွင့်လင်းရာသီပွဲတော်ကာလအတွင်း ချောင်းသာ၊ ငွေဆောင်ကမ်းခြေများအပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ ခရီးသွားလာမှု များပြားလာနိုင်သည့်အတွက် ဆီတင်ယာဉ်များကို အရန်ထားရှိခြင်း၊ ဆီလက်ကျန်နည်းပါးနိုင်သည့် အရောင်းဆိုင်များကို စောင့်ကြည့်ကြပ်မတ်ခြင်းနှင့် Additional PO ဖြင့် ထပ်မံဖြည့်တင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် အများပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ဆိုသည့် ကောလာဟလသတင်းများအပေါ် စိုးရိမ်ပူပန်ရန်မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုပမာဏအတိုင်း စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ပြီး လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Versiion;
ဧရာဝတီတိုင္းအတြင္း စက္သုံးဆီျပတ္လပ္မႈမရွိဘဲ သတ္မွတ္ခ်က္ႏွင့္အညီ ေရာင္းခ်ေပးေန
စိမ့္စမ္းေရ (NP News) - ႏိုဝင္ဘာ ၁၃
ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ စက္သုံးဆီျပတ္လပ္မည္ဆိုသည့္ ေကာလာဟလသတင္းမ်ားထြက္ေပၚေနေသာ္လည္း စက္သုံးဆီျပတ္လပ္မႈမရွိဘဲ သတ္မွတ္ခ်က္မ်ားႏွင့္အညီ စနစ္တက်ေရာင္းခ်ေပးလ်က္ရွိေၾကာင္း ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ထုတ္ျပန္ထားသည္။
ဧရာဝတီတိုင္းေဒသႀကီးအတြင္း ေက်း႐ြာသုံးစက္သုံးဆီအေရာင္းဆိုင္ (၃) ဆိုင္အပါအဝင္ စုစုေပါင္း စက္သုံးဆီအေရာင္းဆိုင္ (၂၃၃) ဆိုင္ ဖြင့္လွစ္ေရာင္းခ်လ်က္ရွိၿပီး ေမာ္ေတာ္ယာဥ္၊ ဆိုင္ကယ္ႏွင့္ သုံးဘီးယာဥ္မ်ားကို သတ္မွတ္ခ်က္အတိုင္း စုံ၊မ ရက္မ်ားအလိုက္ Wheel Tax တြင္ပါရွိသည့္ QR/Bar Code ကို Scan ဖတ္ကာ ယာဥ္တစ္စီးခ်င္းစီအတြက္ သတ္မွတ္ထားသည့္ ဆီပမာဏ (Quota) အတိုင္း ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ စက္သုံးဆီအေရာင္းဆိုင္တစ္ဆိုင္ခ်င္းစီအတြက္ ဆီခြဲတမ္း (PO) ကို ယခင္ (၇) ရက္အတြင္း QR/Bar Code Scan ဖတ္၍ ေရာင္းခ်ခဲ့သည့္ပမာဏအေပၚ အေျခခံတြက္ခ်က္ကာ အပတ္စဥ္ စေနေန႔တိုင္း တစ္ပတ္စာ ခြဲေဝေပးလ်က္ရွိၿပီး ေရာင္းအားျမင့္တက္မႈေၾကာင့္ ဆီလက္က်န္မလုံေလာက္ပါကလည္း Additional PO (ထပ္ျဖည့္ဆီခြဲတမ္း) ျဖင့္ ထပ္မံျဖည့္တင္းေပးလ်က္ရွိေၾကာင္း သိရသည္။
အိမ္သုံးမီးစက္မ်ား၊ စိုက္ပ်ိဳးေရးသုံးစက္ပစၥည္းမ်ား၊ ျမစ္တြင္းသြားစက္ေလွမ်ား၊ လူနာတင္ယာဥ္မ်ားႏွင့္ လူမႈကူညီေရးအသင္းအဖြဲ႕ယာဥ္မ်ားအပါအဝင္ အေရးႀကီးႏွင့္ အေရးေပၚယာဥ္မ်ားအတြက္ သတ္မွတ္ Quota မလုံေလာက္ပါက စာရင္းမွတ္စနစ္ျဖင့္ ဝယ္ယူႏိုင္ရန္ ဆီအမ်ိဳးအစားအလိုက္ ထပ္မံခြဲေဝေပးထားေၾကာင္း သိရသည္။
ထို႔ျပင္ ဧရာဝတီတိုင္းေဒသႀကီးသည္ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းမ်ား အဓိကေဆာင္႐ြက္သည့္ေဒသ ျဖစ္သည့္အတြက္ ထြန္ယက္ဆီ၊ ေရတင္ဆီႏွင့္ ရိတ္သိမ္းဆီမ်ားကိုလည္း Own PO စနစ္ျဖင့္ အပတ္စဥ္ ခြဲေဝေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။
ေရႀကီးနစ္ျမဳပ္ခဲ့သည့္ လယ္ယာေျမမ်ား ျပန္လည္ထြန္ယက္စိုက္ပ်ိဳးႏိုင္ရန္ လိုအပ္သည့္ စက္သုံးဆီမ်ားကိုလည္း ႏိုင္ငံေတာ္မွပံ့ပိုးသည့္ သဘာဝေဘးျပန္လည္ထူေထာင္ေရး စက္သုံးဆီမ်ားျဖင့္ ျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ေတာင္သူလယ္သမားမ်ား စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို ေဈးႏႈန္းသက္သာစြာ ေဆာင္႐ြက္ႏိုင္ရန္ ျပည္တြင္းထုတ္ဒီဇယ္ႏွင့္ ဓာတ္ဆီမ်ားကိုလည္း ျဖန႔္ျဖဴးေပးလ်က္ရွိၿပီး လယ္ထြန္စက္မ်ားအေနျဖင့္ ဆီအေရာင္းဆိုင္သို႔ လာေရာက္ျဖည့္တင္းပါက ဆီတိုင္ကီအတြင္း ဝင္ဆံ့သည့္ပမာဏအတိုင္း ဝယ္ယူႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ပြင့္လင္းရာသီပြဲေတာ္ကာလအတြင္း ေခ်ာင္းသာ၊ ေငြေဆာင္ကမ္းေျခမ်ားအပါအဝင္ တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕မ်ားသို႔ ခရီးသြားလာမႈ မ်ားျပားလာႏိုင္သည့္အတြက္ ဆီတင္ယာဥ္မ်ားကို အရန္ထားရွိျခင္း၊ ဆီလက္က်န္နည္းပါးႏိုင္သည့္ အေရာင္းဆိုင္မ်ားကို ေစာင့္ၾကည့္ၾကပ္မတ္ျခင္းႏွင့္ Additional PO ျဖင့္ ထပ္မံျဖည့္တင္းျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အမ်ားျပည္သူမ်ားအေနျဖင့္ စက္သုံးဆီျပတ္လပ္မည္ဆိုသည့္ ေကာလာဟလသတင္းမ်ားအေပၚ စိုးရိမ္ပူပန္ရန္မလိုအပ္ဘဲ ပုံမွန္သုံးစြဲမႈပမာဏအတိုင္း စိတ္ေအးခ်မ္းသာစြာ ဝယ္ယူႏိုင္ၿပီး လိုအပ္သည္ထက္ ပိုမိုဝယ္ယူရန္ မလိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။