ယခုအခါ တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ် အပါအဝင် ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်များကြောင့် အပူချိန်မြင့်မားလာခြင်း၊ မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပေါ်ကြုံတွေ့ ခံစားနေကြရသည်။ ယခုနှစ်တွင် အားကောင်းသော အယ်လ်နီညိုဖြစ်စဉ် မြင့်မားနေသောကြောင့် ယခု ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၇ ခုနှစ် နှစ်လယ်ပိုင်းအထိ အပူဒဏ်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဖြစ်၍ ယင်းကိုကာကွယ်ရန် ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။
နွေရာသီတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းတို့ရှိ ကျေးရွာများ ရေရရှိရေးအတွက် နှစ်အလိုက် စီမံချက်ချဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်လိုသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အချို့ဒေသများတွင် နွေရာသီမရောက်မီကပင် သောက်သုံးရေပြတ်လပ်မှုရှိနေသည်ကို တွေ့ရသည်။ မိုးများသည့််ဒေသများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိုးရေကို စုဆောင်းသိုလှောင်ကြရန်နှင့် ရပ်ကွက်ကျေးရွာအလိုက် တစ်နှစ်ပတ်လုံး ရေဖူလုံစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်လိုသည်။ နွေရာသီကာလတွင် စိုက်ပျိုးရန်လိုအပ်သည့် ရေအရင်းအမြစ်များရရှိရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်၊ ရေလှောင်ကန်များတည်ဆောက်ခြင်းနှင့် မြစ်ရေတင်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်မည်ဆိုပါက စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုမည်ဖြစ်သည်။
၁၉၅၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အတွင်း အားကောင်းသည့် အယ်လ်နီညိုဖြစ်ပေါ်ခဲ့သည့်နှစ်များနှင့် အင်အားပြင်းထန်သည့် အယ်လ်နီညိုဖြစ်ပေါ်ခဲ့သောနှစ်များ ရှိခဲ့သည်။ ပြည်တွင်းဒေသအများစု၌ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်းများနှင့် မိုးခေါင်ရေရှားမှု၊ သောက်သုံးရေပြတ်လပ်မှုများနှင့် ကြုံတွေ့ခဲ့ဖူးသည်။ ၂၀၀၉-၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ် ကြောင့် ၂၀၁၀ ပြည့်နှစ် မေလအတွင်း မိုးလေဝသစခန်းပေါင်း ၂၀ တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မှတ်တမ်းများရှိသည်။ မြင်းမူမြို့၌ အမြင့်ဆုံး အပူချိန် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် စံချိန်သစ်တင်ခဲ့ပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ အမြင့်ဆုံးအပူချိန်စံချိန်သစ်ဖြစ်ခဲ့သည်။ ၂၀၂၄ ခုနှစ်သည် ကမ္ဘာတစ်ဝန်းလုံး၌ အပူဆုံးနှစ်ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဧပြီလအတွင်း ချောက်၊ မန္တလေးနှင့် ညောင်ဦးဒေသ၌ အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်မှ ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင် မြင့်တက်ခဲ့သည်။
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များတွင် အခြားနိုင်ငံများထက် ပိုမိုပြင်းထန်စွာ ခံစားရနိုင်သောကြောင့် ပြင်းထန်သောရာသီဥတုနှင့်အညီ လိုက်လျောညီထွေနေထိုင်နိုင်ရေး၊ ကြုံတွေ့နိုင်သော သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်စီမံထားရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် စိုက်ပျိုးရေ လုံလောက်မှုရှိစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ရေအခက်အခဲရှိပါက ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာမှုများဖြစ်နိုင်သည်။ ထို့ကြောင့် ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချနိုင်ရန် နိုင်ငံတစ်ဝန်းတွင် တည်ဆောက်ထားပြီးဖြစ်သည့် ဆည်တမံများ ကြံ့ခိုင်ရေး၊ သဲနုန်းပို့ချမှုအခြေအနေ၊ ရေဝင်ရောက်သည့် ရေဝေရေလဲဒေသအခြေအနေ၊ ရေပိုလွှဲများနှင့် ရေနုတ်မြောင်းစနစ်များကို ပြုပြင်ထိန်းသိမ်း စစ်ဆေးဆောင်ရွက်ရန်လိုမည်ဖြစ်သည်။
ပူပြင်းသောရာသီဥတုကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တောမီးရှို့ခြင်းများ၊ တောင်ယာမီးရှို့ခြင်းများသည် ရေဝေရေလဲဒေသများအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့်အတွက် အသိပညာပေးမှုများနှင့် အကာအကွယ်ပေးမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် စီမံဆောင်ရွက်ထားရန်လိုသည်။ မြန်မာနိုင်ငံတွင် အဓိကစီးဆင်းနေသော မြစ်ကြီးလေးသွယ်အပါအဝင် မြစ်ချောင်းများ၊ သဘာဝရေကန်ကြီးများ၊ စိမ့်တောများမှ နှစ်စဉ် ရေချိုဧကပေ သန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိသည်။ သို့သော် အဆိုပါစီးဆင်းနေသည့် ရေချိုပမာဏ၏ ရာခိုင်နှုန်းအနည်းငယ်ခန့်ကိုသာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် အိမ်သုံးကဏ္ဍများတွင် အသုံးပြုနိုင်သည်။
သို့ဖြစ်ရာ လက်ရှိကာလတွင် ဖြစ်ပေါ်နေသော အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် လိုက်လျောညီထွေ နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် တည်ရှိဖြစ်ထွန်းနေသော သဘာဝအရင်းအမြစ်များကို စနစ်တကျ ထုတ်ယူအသုံးချပြီး သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကျော်လွှားကာ နိုင်ငံ့စီးပွား၊ လူမှုစီးပွားဘဝများ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်စီမံ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။