Xinhua Myanmar

အချိန်အခါမဲ့မိုးရွာသွန်းမှုကြောင့် မုံရွာမြို့နယ်အတွင်းက ရိတ်သိမ်းခါနီး ကြက်သွန်နီပင်များအပေါ် သက်ရောက်မှုရှိ

မုံရွာ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အချိန်အခါမဲ့ မိုးရွာသွန်းတာကြောင့် မုံရွာမြို့နယ်က နုတ်သိမ်းခါနီး ကြက်သွန်နီပင်များ ထိခိုက်မှုရှိခဲ့ပြီး ရက်ပိုင်းအတွင်း နုတ်သိမ်းတော့မည့် ကြက်သွန်နီအထွက်နှုန်း လျော့ကျနိုင်ကြောင်း မုံရွာမြို့နယ် ကြက်သွန်နီစိုက်တောင်သူ ဦးအောင်ထူးက ပြောကြားသည်။

"အချိန်အခါမဲ့ မိုးရွာတဲ့အတွက် ပျိုးထောင်ပြီးစ ပျိုးပင်လေးတွေ၊ ရင့်နေတဲ့ နုတ်သိမ်းခါနီးကြက်သွန်၊ စိုက်ရက်သားရနေတဲ့ ကြက်သွန်တွေ ထိခိုက်ပါတယ်။ ၅၀ ရာခိုင်နှုန်းလောက် ထိခိုက်ပါတယ်။ လောလောဆယ် တူးခါနီး၊ နုတ်ခါနီးမှာ ပျက်တဲ့ကြက်သွန်နီတွေကတော့ အစားထိုးမရတော့ဘူး။ ပျိုးပင်လေးတွေ ပျက်တာက မျိုးစေ့ရှိပြီးသားဆိုတော့ ထပ်ပျိုးပြီး ထပ်စိုက်လို့ရတယ်"ဟု တောင်သူ ဦးအောင်ထူးက ပြောသည်။

မုံရွာမြို့နယ်ထဲမှ ကြက်သွန်စိုက်သည့် ကျေးရွာများတွင် ၂၀၂၅ -၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီက ကြက်သွန်နီ ၇,၈၆၀ ဧက စိုက်ခဲ့ကြပြီး လာမည့် ၂၀၂၆ - ၂၀၂၇ ခုနှစ် စိုက်ပျိုးရာသီတွင်  ကြက်သွန်နီ ၇,၃၅၀ ဧက စိုက်ပျိုးရန် လျာထားကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဌာန စာရင်းအရသိရသည်။ (Xinhua)

မူရင်းသတင်း — Xinhua Myanmar