MyTech Myanmar

အရှုပ်တော်ပုံကြားက Nvidia အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်ကို ရာထူးပြန်ပေးဖို့ အီလွန်မတ်စ် ဦးဆောင် တောင်းဆို

တရုတ်သူလျှိုလို့ စွပ်စွဲခံရသူနဲ့ ဖောက်ပြန်တဲ့ အရှုပ်တော်ပုံကြောင့် ပြီးခဲ့တဲ့အပတ်က ရာထူးကနေ နုတ်ထွက်သွားတဲ့ Nvidia အမှုဆောင်ချုပ်ဟောင်း ဂျန်ဆန်ဟွမ်ကို ရာထူးပြန်လည်ခန့်အပ်ဖို့ အီလွန်မတ်စ် ဦးဆောင်တဲ့ နည်းပညာခေါင်းဆောင်တွေက တောင်းဆိုနေကြပါတယ်။

 

Stand with Jensen အမည်ရှိ ဝက်ဘ်ဆိုက်မှာ အီလွန်မတ်စ်နဲ့ တင်မ်စွီးနီးတို့ အပါအဝင် လူပေါင်း ၁၇၅,၀၀၀ ကျော်က အဲဒီ အိတ်ဖွင့်ပေးစာကို လက်မှတ်ရေးထိုးထားကြပါတယ်။ ဟွမ်မရှိရင် အရေးကြီးတဲ့ သဘောတူညီချက်တွေ ဆုံးရှုံးနိုင်ကြောင်းနဲ့ ပစ္စည်းထောက်ပံ့ရေးကွင်းဆက်မှာ သူ့ရဲ့ နှုတ်ကတိတွေက အရေးပါကြောင်း မတ်စ်က ထောက်ပြထားပါတယ်။

 

ထောက်ခံသူတွေက သီးခြားစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ်အတွင်း ဟွမ်ကို ရာထူးမှာ ဆက်ထားဖို့ ဘုတ်အဖွဲ့ကို တောင်းဆိုထားကြပါတယ်။ အဲဒီ အရှုပ်တော်ပုံကြောင့် အမေရိကန်အစိုးရဌာနတွေကြားမှာလည်း Nvidia ချစ်ပ်တွေ တရုတ်နိုင်ငံကို ရောက်ရှိသွားမယ့်အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။

 

Ref : Khaosod

မူရင်းသတင်း — MyTech Myanmar