ဂျိုဟန်နစ္စဘတ် နိုဝင်ဘာ ၁၆
တောင်အာဖရိကနိုင်ငံအနေဖြင့် ပြည်ပနည်းပညာများကိုသာ မှီခိုအသုံးပြုသည့် နိုင်ငံအဖြစ်မှ ကိုယ်ပိုင်ဉာဏ်ရည်တု(AI)နည်းပညာများ ဖန်တီးထုတ်လုပ်နိုင်သည့် နိုင်ငံအဖြစ် ပြောင်းလဲတိုးတက်လာရန် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆီလီကွန်တောင်ကြား၌ ယမန်နေ့က တောင်အာဖရိက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် သမ္မတဆိုင်ရီလ်ရာမာဖိုဆာက တိုက်တွန်းခဲ့သည်။
တောင်အာဖရိကနိုင်ငံတွင် တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများ၊ ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာလုပ်ငန်းများရှိသည့်အတွက် ပြည်တွင်း AI ဆန်းသစ် တီထွင်မှုအတွက် ခိုင်မာသော အခြေခံကောင်းများရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
သို့သော် အဆင့်မြင့်ကွန်ပျူတာ နည်းပညာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် နည်းပညာအခြေပြု စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ရန် လိုအပ်ကြောင်း၊ တစ်ချိန်တည်းတွင် AI နည်းပညာအသုံးပြုမှု၌ ကိုယ်ရေးအချက်အလက်၊ လုံခြုံရေးနှင့် လူ့ဂုဏ်သိက္ခာတို့ကို ကာကွယ်နိုင်ရေးအတွက် တာဝန်ယူမှုရှိသော စီမံအုပ်ချုပ်မှုစနစ်ထားရှိရန်လည်း အလေးထားပြောကြားခဲ့သည်။
ထို့ပြင် နည်းပညာကဏ္ဍတွင် ရေရှည်ရင်းနှီးမြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှုများ တိုးတက်လာစေရန် ယုံကြည်စိတ်ချရပြီး ဈေးနှုန်းသက်သာသော လျှပ်စစ်ဓာတ်အားရရှိရေး၊ ဒီဂျစ်တယ်ဆက်သွယ်မှုတိုးချဲ့ရေး၊ ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့် မူဝါဒတည်ငြိမ်သေချာရေးတို့ကို အဓိကမဏ္ဍိုင် လေးရပ် အဖြစ် သတ်မှတ်ခဲ့သည်။
အစိုးရအနေဖြင့်လည်း ပြည်သူ့ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန် AI အသုံးပြုမှုကို အရှိန်မြှင့်တင်ရန်နှင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံသို့ ပြန်ရောက်ပြီး ရက်ပေါင်း ၉၀ အတွင်း ရင်းနှီးမြှုပ်နှံမှု၊ သုတေသနပူးပေါင်းဆောင်ရွက်မှု၊ ကျွမ်းကျင်မှုသင်တန်းနှင့် အစိုးရကဏ္ဍတွင် AI အသုံးချရေးဆိုင်ရာ လက်တွေ့အစီအစဉ်များ ရေးဆွဲတင်ပြရန်လည်း သမ္မတရာမာဖိုဆာက တိုက်တွန်းခဲ့သည်။
ဆင်ဟွာ