
အာရှ- ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှစ၍ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် ကျင်းပလျက်ရှိသည်။
အာရှ- ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေးကို တရုတ်နိုင်ငံသမ္မတ ရှီကျင်းပင်နှင့် APEC အဖွဲ့နိုင်ငံများ၏ ခေါင်းဆောင်များက တက်ရောက်မိန့်ခွန်းလျက် ရှိနေသည်။
၃၃ ကြိမ်မြောက် APEC အစည်းအဝေးကို နို၀င်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရှန်ကျန်းမြို့ရှိ Media Center တွင် ကမ္ဘာတစ်၀န်းမှ သတင်းမီဒီယာသမား ရာနှင့် ချီ တက်ရောက်သတင်းရယူနေသည်။
အဆိုပါ APEC နှင့် ဆက်စပ်အစည်းအဝေးများအား သတင်းရယူရန် Eleven Media Group အား တရုတ်နိုင်ငံ၊ China Public Diplomacy Association (CPDA)က ဖိတ်ကြားထားပြီး Eleven Media Group ၏ အမှုဆောင်အယ်ဒီတာ ကိုတိုးဝေဖြိုးနှင့် မမြတ်သက်မှူးကိုတို့ တက်ရောက်သတင်းရယူလျက်ရှိသည်။
APEC အဖွဲ့တွင် ကမ္ဘာ့စူပါ ပါဝါနိုင်ငံများဖြစ်သည့် အမေရိကန်၊တရုတ်နှင့် ရုရှားအပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံပါဝင်ပြီး ဒေသတွင်း အာဆီယံနိုင်ငံ ၇ နိုင်ငံ ပါဝင်သည်။
APEC အဖွဲ့သည် ၂၀၂၅ ခုနှစ်တွင် GDP တန်ဖိုး အမေရိကန်ဒေါ်လာ ၇၁ ဒဿမ ၇ ထရီလီယံခန့်ရှိပြီး ကမ္ဘာ့ GDP စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုထားသည်။
ထို့ပြင် ကမ္ဘာ့ကုန်သွယ်မှု၏ ၄၆ ရာခိုင်နှုန်းခန့်သည်လည်း APEC အဖွဲ့ဝင်နိုင်ငံများမှ ဖြစ်သည်။