
ဆန်းကျန့်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် နိုဝင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းတွင် ဆန်းကျန့်မြို့ ပေါင်အန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့် အား ကြိုဆိုခဲ့သည်။
ကြိုဆိုသည့်တေးသံများဖြင့် ရှီကျင့်ဖိန်သည် ထရမ့်နှင့် ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ကြည်း၊ ရေ၊ လေ ဂုဏ်ပြုတပ်ဖွဲ့များက သေနတ်ပစ်ဖောက်ဂုဏ်ပြုခဲ့ကြပြီး ကလေးငယ်များက ထရမ့်အား ပန်းစည်းများ ပေးအပ်ကြသည်။ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ အလံများလည်း တလူလူ လွင့်ပျံနေကာ စစ်တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို တီးမှုတ်ခဲ့ပြီး စစ်လေယာဉ်များ ပျံသန်း၍ ဂုဏ်ပြုခဲ့သည်။ နှစ်နိုင်ငံ အကြီးအကဲတို့သည် လူငယ်ကြိုဆိုရေးအဖွဲ့အား လက်ပြနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ရှီကျင့်ဖိန်က ယခုနှစ် စက်တင်ဘာလတွင် မိမိ အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့စဉ် သမ္မတထရမ့် ဇနီးမောင်နှံသည် လေဆိပ်သို့ အထူးလာရောက်၍ အခမ်းအနားဖြင့် ခမ်းနားထည်ဝါစွာ ကြိုဆိုခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဧည့်ဝတ်ကျေပွန်သည့် နိုင်ငံဖြစ်ပြီး လူမှုဆက်ဆံရေးတွင် အပြန်အလှန်ရှိသော အစဉ်အလာရှိကြောင်း ပြောကြားခဲ့သည်။ မိမိအနေဖြင့် အဆွေတော်၏ တရုတ်နိုင်ငံသို့ ထပ်မံလာရောက်သည့် ခရီးစဉ်ကို ကြိုဆိုပါကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး၊ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘာ့ အခင်းအကျင်းနှင့် သက်ဆိုင်သည့် အရေးကြီးသည့်ကိစ္စရပ်များအပေါ် နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ရန်၊ လေးစားမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတို့အပေါ် အခြေခံသော အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ရှေသို့ တိုးတက်စေမည်ဟု မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ထရမ့်က သမ္မတ ရှီကျင့်ဖိန် ကိုယ်တိုင် လေဆိပ်သို့လာရောက်ကြိုဆိုသည့်အတွက် ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံ၏ အထူးစီစဉ်မှုအတွက် ကျေးဇူးတင်ကြောင်း၊ ကြီးကျယ်ခမ်းနားသော တရုတ်နိုင်ငံသို့ ထပ်မံလာရောက်ရသည့်အတွက် အလွန်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်သည် ကြီးမြတ်သောခေါင်းဆောင်တစ်ဦးဖြစ်ပြီး သမ္မတ ရှီကျင့်ဖိန်နှင့်အတူ တွေ့ဆုံမှုတိုင်းသည် လွန်စွာဝမ်းမြောက်ဖွယ်ဖြစ်ကာ ယခုခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို တစ်ဆင့်တိုး တိုးမြှင့်စေကာ အပြည့်အဝအောင်မြင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ချိုက်ချီ၊ ဝမ်ရိ၊ ဟွမ်ခွန်းမင် တို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)

...............................
(Chinese Version)
聚焦APEC|习近平迎接美国总统特朗普
新华社深圳11月18日电(记者马卓言、赵瀚泽)11月18日下午,国家主席习近平在深圳宝安国际机场迎接来华出席亚太经合组织领导人非正式会议的美国总统特朗普。
在迎宾曲中,习近平同特朗普亲切握手。三军仪仗队行举枪礼,少年儿童向特朗普献花。中美两国国旗迎风招展,军乐团奏两国国歌,战机飞越致敬。两国元首向青年欢迎队伍挥手致意。
习近平表示,今年9月我访美时,特朗普总统夫妇专程赴机场迎接,并举行隆重欢迎仪式。中国是礼仪之邦,有礼尚往来的传统。我欢迎你再次访华,期待同你就事关中美关系、亚太合作和世界格局的重大问题深入交换意见,推动基于尊重、公平、对等的中美建设性战略稳定关系向前发展。
特朗普表示,感谢习近平主席亲赴机场迎接,感谢中方特殊安排,很高兴再次到访伟大的中国。习近平主席是一位伟大的领袖,每一次同习近平主席会晤都非常愉快,相信此访将进一步推进两国关系,取得圆满成功。
蔡奇、王毅、黄坤明参加。(完)
图说:11月18日,美国总统特朗普抵达深圳,将出席亚太经合组织第三十三次领导人非正式会议。新华社记者 燕雁 摄