Kanbawza Tai News

မီးပုံးပျံများ လွှတ်တင်နိုင်ပြီဖြစ်ကြောင်း ဒိုင်အဖွဲ့ ကြေညာ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ရာသီဥတု ပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် မီးပုံးပျံများ လွှတ်တင် နိုင်ပြီဖြစ်ကြောင်း ဒိုင်အဖွဲ့က ကြေညာခဲ့သည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာ ၁၈ ရက်၊ နေ့လယ်ပိုင်းမှ စတင်၍ အဝေရာမီးပုံးပျံကွင်းအတွင်း မိုးရွာသွန်းနေခြင်းဖြစ်ပြီး လက်ရှိ ည ၇ နာရီကျော်ခန့်တွင် ရာသီဥတု ပြန်လည်ကောင်းမွန်လာသဖြင့် မီးပုံးပျံများ လွှတ်တင်ရန် ဒိုင်အဖွဲ့က အသိပေးကြေညာ ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ တတိယနေ့ဖြစ်သော ယနေ့ နိုဝင်ဘာ ၁၈ ရက်၊ ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံ ၁၀ လုံး လွှတ်တင်ယှဉ်ပြိုင်သွားရန် ရှိနေကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News