အုတ်တွင်း နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အယ်လ်နီညိုရာသီဥတု ပြောင်းလဲမှုကြောင့် သောက်သုံးရေရှားပါးမှုများ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဝဲဒေါင့်ကျေးရွာအုပ်စု အုန်းပင်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်က အယ်လ်နီညို ဖြစ်စဉ်ကြောင့် ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ပြီး ရေရှားပါးခြင်းနှင့် ကျန်းမာရေးပြဿနာများဖြစ်ပွားလာနိုင်သည့်အတွက် ကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်/ ရှောင်ရန်များ၊ သောက်သုံးရေ ကြိုတင်စုဆောင်းထားရှိခြင်း၊ ရေသိုလှောင်ကန်များ သန့်ရှင်းစွာ ထိန်းသိမ်းခြင်းနှင့် ရေကိုလိုအပ်သလောက်သာ သုံးစွဲကြစေရန် လိုက်နာရမည့် အချက်များကို အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာနေ ပြည်သူများအား အယ်လ်နီညိုနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး လက်ရှိရေအရင်းအမြစ်နှင့် ရေသုံးစွဲမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)