Myanmar Transparency News

အိမ်ထောင်ရေးပညာပေးဇာတ်လမ်းပုံစံ “စည်း” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲအခမ်းအနားသို့ အနုပညာရှင်များစွာတက်ရောက်

၁၉.၁၁.၂၀၂၆
Written By Thandar 

ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ Film River Production တို့က အိမ်ထောင်ရေးပညာပေးဇာတ်လမ်းပုံစံ “စည်း @ The Line” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ‌ ရန်ကုန်မြို့ Zealax Hotel မှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။

“ကျွန်တော်က ဒီစည်း ဇာတ်ကားလေးကို ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လေးကို ပုံဖော်ခဲ့တာပါ။ ဒီကားမှာက ထူးချွန်အောင်မြင်တဲ့ ဗိသုကာပညာရှင် ခိုင်မြဲအောင် ကာရိုက်တာနေရာကပါ။ ခိုင်မြဲအောင်က သူ့မိသားစုကို အလွန်ချစ်ခင် ဂရုစိုက်တတ်တဲ့ ဖခင်ကောင်း၊ ခင်ပွန်းကောင်းပေါ့။ ညီမလေး ဝိုင်းစုက ဒီဇာတ်ကို လက်ခံရိုက်ကူးပေးလို့ ပီတိဖြစ်ရပါတယ်။ ကိုယ်ချစ်ခင်ရတဲ့ ညီမလေးရိုက်ကူးရတာ ကျေနပ်မိပါတယ်။ စည်းမှာ မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းလေးတွေနဲ့ ပရိသတ်တွေ ကြည့်ရှု့ရမှာပါ”လို့ သရုပ်ဆောင်  ဇင်အောင်က ပြောပါတယ်။ 

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း အေးကြည်သာဟန်နဲ့ ဇင်အောင်၊ ဇာတ်ညွှန်း အေးကြည်သာဟန် SOUL OF STARS က ရေးသားပြီး လက်ထောက်ဒါရိုက်တာစိုပြေ၊  ဒါရိုက်တာ ပီတာက အိမ်ထောင် ရေးပညာပေး ဇာတ်လမ်းကို ပုံဖော်ထားတာဖြစ်ပါတယ်။

သရုပ်ဆာင်တွေအနေနဲ့ ချမ်းမင်းရဲထွဋ်၊ ဇင်အောင်၊ ဝိုင်းစုခိုင်သိန်း၊ သင်းသဲဗိုလ်၊ ရဲသွေးသီဟ၊ မြတ်ဝတ်ရည်သင်း၊ ကလေးသရုပ်ဆောင် သွန်းရတီဦးနဲ့ သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားကြပါတယ်။ 

“စည်း”ဇာတ်လမ်းတွဲကို လာမယ့် နိုဝင်ဘာ၂၄ ရက်နေ့မှ စတင်ပြီး အပတ်စဉ်တနင်္လာနေ့ကနေ  သောကြာနေ့အထိ HEY Play Application၊ HEY Play YouTube Channel နဲ့ ရွှေနဒီရွှေရည် ရုပ်သံလိုင်းတို့မှာ ပြသပေးသွားမှာဖြစ်ပါတယ်။

#ချမ်းမင်းရဲထွဋ် #ဇင်အောင် #ဝိုင်းစုခိုင်သိန်း #သင်းသဲဗိုလ် #ရဲသွေးသီဟ #သွန်းရတီဦး #ChanMinYeHtut #ZinAung #WyneSuKhaingThein #ThinThaeBo #စည်း #THELINE #PETER #ရွှေနဒီရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေး #HEYPlay #HEYPlayနဲ့ကြည့်မယ် #MTEntertainment

မူရင်းသတင်း — Myanmar Transparency News