Myanmar Transparency News

ဂီတချစ်မြတ်နိုးသူတွေအတွက် Myanmar Digital Music Awards ဂီတဆုပေးပွဲမိတ်ဆက်ခြင်းနဲ့ Nomination Awards ပေးအပ်ချီးမြှင့်ခြင်း အခမ်း အနားကျင်းပခဲ့

၁၈.၁၁.၂၀၂၆
Written By Thandar

ဂီတကို ချစ်မြတ်နိုးသူတွေအတွက် “Myanmar Digital Music Awards (MDMA 2026)”ရဲ့ ဂီတဆုပေးပွဲမိတ်ဆက်ခြင်းနဲ့ Nomination Awards ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်က ရန်ကုန်မြို့ ဝဇီရာကဇာတ်ရုံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။

“အရင်တုန်းကတော့ ဆုနဲ့ပတ်သက်ပြီး ခံစားချက်မရှိဘူးပေါ့။ ငယ်ငယ်ကတည်းကလည်း ဘာမှမရဖူးတော့လေ။ ခုလိုအသိအမှတ်ပြုခံရလို့ အားပိုရှိတယ်။ ပျော်လည်း ပျော်တယ်။ ဒီ DMA က ခုလိုအသိအမှတ်ပြုပြီး ဆုတွေပေးတော့ ပျော်ရတာပေါ့။ နယ်ပယ်တိုင်းကိုလည်း ဆုတွေပေးတယ် နယ်ပယ်တိုင်းလည်း ဆုပေးသင့်တယ်။ ပိုကြိုးစားဖို့ ခွန်အားတွေရှိသွားတာပေါ့”လို့  တေးရေး၊ အဆိုတော် Double J က ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ Digital ခေတ် မြန်မာ့ဂီတရေစီးကြောင်းကို ဖန်တီးပုံဖော်နေကြတဲ့ တေးရေး၊ တေးဆိုတွေ၊ ဂီတအနုပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ Top Performing Song of the Digital Era၊ People’s Choice Collaboration of the Year 2025/26 ၊ People’s Choice Male Arist of the Year 2025/26၊ Best Music Video of the Year 2025/26၊ People’s Choice Song of the Digital Era၊ Best Movie Soundtrack of the Year 2025၊ Songwriter of the Year 2025/26  Tilte ဆုတွေအနေနဲ့ ပေးအပ်ခဲ့ကြပါတယ်။

လာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ရန်ကုန်မြို့ Yangon Convention Centre (YCC) မှာ  အဓိက  “Myanmar Digital Music Awards (MDMA 2026)” ဆုပေးပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။

#DoubleJ #AungMyintMyat #May  #DMA2026 #CelebrityNews #MyanmarMusic #MyanmarSinger #Nomination #MyanmarDigitalMusicAwards2026 #MyanmarDMA2026 #DMA2026 #MTEntertainment

မူရင်းသတင်း — Myanmar Transparency News