
မက်ဒရစ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
စပိန်ကွင်းလယ်ကစားသမားဟောင်း ဟွမ် မာတာသည် အသက် ၃၈ နှစ်အရွယ်တွင် ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဘဝမှ အနားယူကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့ပြီး ကမ္ဘာ့ဖလား၊ ဥရောပချန်ပီယံရှစ်နှင့် ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့သည့် ကစားသမားဘဝကို အဆုံးသတ်ခဲ့သည်။
နောက်ဆုံးအနေဖြင့် သြစတြေးလျကလပ် မဲလ်ဘုန်းဗစ်တိုးရီအသင်းတွင် ကစားခဲ့သည့် မာတာသည် ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ၂၀၁၂ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတို့တွင် ချန်ပီယံဖြစ်ခဲ့သည့် စပိန်အသင်း၏ လူစာရင်းတွင် ပါဝင်ခဲ့သည်။ ကလပ်အသင်းအဆင့်တွင် ချဲလ်ဆီးအသင်းနှင့်အတူ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ ယူရိုပါလိဂ်နှင့် အက်ဖ်အေဖလားတို့ကို ဆွတ်ခူးခဲ့သည့်အပြင် မန်ချက်စတာယူနိုက်တက်အသင်းနှင့်အတူ ယူအီးအက်ဖ်အေ ယူရိုပါလိဂ်၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့သည်။
“ဘောလုံးအားကစားက ကျွန်တော့်ဘဝထဲကနေ ဘယ်တော့မှ ထွက်ခွာသွားမှာမဟုတ်ပါဘူး” ဟု မာတာက ပြောကြားခဲ့သည်။
“ဒီအားကစားကို ဆက်လက်ချစ်မြတ်နိုးနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိသလို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘောလုံးကို ကြားခံတစ်ခုအဖြစ် ဆက်လက်အသုံးပြုနိုင်မယ့် နည်းလမ်းတွေလည်း အများကြီးရှိပါတယ်”
“ကျွန်တော် ပရော်ဖက်ရှင်နယ်အဆင့်မှာ ဘောလုံးမကစားတော့ပေမယ့် ဘောလုံးသမားအဖြစ်တော့ ဘယ်တော့မှ ရပ်တန့်မှာမဟုတ်ပါဘူး” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
မာတာသည် ရီးရဲလ်မက်ဒရစ်အသင်း လူငယ်စနစ်မှတစ်ဆင့် ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဗလင်စီယာအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ အဆိုပါအသင်းအတွက် ပွဲပေါင်း ၁၇၄ ပွဲ ပါဝင်ကစားကာ ၄၆ ဂိုး သွင်းယူခဲ့သည်။
၂၀၁၁ ခုနှစ် ဩဂုတ်လတွင် ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်တွင် နှစ်ရာသီခွဲကြာ ကစားခဲ့သည်။ ထိုကာလအတွင်း အသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို နှစ်ကြိမ် ရရှိခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
စပိန်ကစားသမား မာတာသည် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၈၅ ပွဲ ပါဝင်ကစားကာ ၅၁ ဂိုး သွင်းယူခဲ့ပြီးနောက် တူရကီကလပ် ဂါလာတာစာရေးအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးအသင်းနှင့် သြစတြေးလျကလပ် ဝက်စ်တန်ဆစ်ဒနီဝန်ဒါရားစ်အသင်း၊ မဲလ်ဘုန်းဗစ်တိုရီအသင်းတို့တွင် ဆက်လက်ကစားခဲ့သည်။
“အံ့မခန်းကစားသမားဘဝအတွက် ဂုဏ်ယူပါတယ်၊ ဟွမ်။ ယူနိုက်တက်အသင်းက အားလုံးက မင်းရဲ့ ရှေ့ဆက်လျှောက်မယ့် ခြေလှမ်းတွေအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု မန်ချက်စတာယူနိုက်တက်အသင်းက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ကွင်းပြင်ပတွင် မာတာသည် Common Goal အဖွဲ့ကို တည်ထောင်သူများအနက် တစ်ဦးဖြစ်သည်။ အဆိုပါအစီအစဉ်သည် ဘောလုံးကစားသမားများနှင့် အခြားသက်ဆိုင်သူများအနေဖြင့် ၎င်းတို့၏ လစာ ၁ ရာခိုင်နှုန်းကို လူမှုရေးပြောင်းလဲမှုများ ဖော်ဆောင်ရန် ရည်ရွယ်သည့် စီမံကိန်းများအတွက် ထည့်ဝင်ရန် ကတိပြုစေရန် အားပေးသည့် အစီအစဉ်ဖြစ်သည်။ (Xinhua)
--------------------
(English Version)
Spain World Cup winner Mata retires at 38
MADRID, Nov. 18 (Xinhua) -- Former Spain midfielder Juan Mata announced his retirement from professional football at age 38 on Wednesday, ending a career in which he won the World Cup, European Championship and Champions League.
Mata, who most recently played for Australian club Melbourne Victory, was part of Spain's victorious squads at the 2010 World Cup and 2012 European Championship. At club level, he won the Champions League, Europa League and FA Cup with Chelsea, as well as the Europa League, FA Cup and League Cup with Manchester United.
"Football will never leave my life," Mata said.
"There are so many ways to continue loving the game, so many ways to keep using it as a vehicle for development.
"I may stop playing professionally, but I will never stop being a footballer," he added.
Mata began his career in Real Madrid's youth system before joining Valencia in 2007, scoring 46 goals in 174 appearances for the club.
He moved to Chelsea in August 2011, spending two and a half seasons at Stamford Bridge and twice being named the club's Player of the Year before joining Manchester United in January 2014.
The Spaniard made 285 appearances and scored 51 goals for United before moving to Turkish club Galatasaray. He subsequently played for Japan's Vissel Kobe and Australian sides Western Sydney Wanderers and Melbourne Victory.
"Congratulations on a fantastic career, Juan! Everyone at United wishes you all the best in your next steps," Manchester United said in a statement.
Away from the pitch, Mata was among the founders of Common Goal, an initiative that encourages football players and other stakeholders to pledge 1 percent of their salaries to projects promoting social change.