
Twilightဇာတ်ကားတွေနဲ့ လူသိများခဲ့တဲ့ မင်းသားရောဘတ် ပတ်တီဆန်ဟာ လင်းနို့လူသားဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့ရုံသာမက အခုတစ်ခါမှာလည်း ဂျိမ်းစဘွန်းမင်းသားအဖြစ် သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။ သူဟာ မင်းသားကြီး ဒန်နီရယ်ခရိတ် (Daniel Craig) ရဲ့ နေရာမှာ ဆက်ခံပြီး ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေရဲ့ ၇ ယောက်မြောက် 007 အဖြစ် တရားဝင် ရွေးချယ်ခံရပြီ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ Amazon MGM Studios က ဒီသတင်းကို လူမှုကွန်ရက်ကနေ တရားဝင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 007 ရုပ်ရှင်အသစ် (Bond 26) ကို ဒါရိုက်တာ Denis Villeneuve က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းကို Steven Knight က ရေးသားထားပြီး၊ ဇာတ်ကားကို လာမယ့်နှစ်မှာ စတင်ရိုက်ကူးဖို့ ရှိပါတယ်။ ရိုက်ကူးရေး သဘောတူညီချက်အရ Robert Pattinson ဟာ ဇာတ်ကား သုံးကားမှာ ပါဝင်မယ့် စာချုပ် ချုပ်ဆိုထားတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်မှာ MGM စတူဒီယိုကို Amazon က ဒေါ်လာ ၈.၅ ဘီလျံနဲ့ ဝယ်ယူခဲ့ပြီးနောက်ပိုင်း ထွက်ရှိလာမယ့် ပထမဆုံးဂျိမ်းစ်ဘွန်းရုပ်ရှင်လည်း ဖြစ်ပါတယ်။
Ref: Robert Pattinson is named the seventh James Bond, taking over from Daniel Craig
WL (ရိုးရာလေး)