
နေမျိုးဇင်ဆိုတဲ့ ဗိုလ်မှူးဟောင်းလိုလို၊ ဘာလိုလို တပ်က နှင်ထုတ်ထားတဲ့လူက အခုတလော ထိုင်းမှာ စားကျက်ချဲ့နေတာ တွေ့ရပါတယ်။ ပြည်တွင်းမှာ ခွက်ခေါက်ရတာ အဆင်မပြေတော့မှန်းသိတော့ ထိုင်းဘက်ကို ခွေးတိုးပေါက်က လျှိုဝင်ပြီး စားကျက်ပြောင်းခွက်လာ ခေါက်နေတာပါ။ မြန်မာပြည်သူတွေကလည်း အတော်ကို ခက်တာဗျ၊ ဂျင်းအလွန်ထည့်လို့ကောင်းတဲ့ လူမျိုးဆိုပါတော့။ နေမျိုးဇင်က အခု ဘယ်လိုခွက်ခေါက်နေသလဲ ဆိုတော့ MMWRCCT ဆိုတဲ့ တန်းမဝင် ဘောင်မဝင် ကော်မတီတစ်ခုဖွဲ့ပြီး ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို NUG အစိုးရရဲ့ နိုင်ငံသားသက်သေခံ အထောက်အထားတစ်ခု ထုတ်ပေးရေးဆိုပြီး အော်နေပြန်ပါတယ်။ မြင်ရ ကြားရတာကလည်း ဂန္ထဝင်တင်မယ့် ဟာသတွေချည်းပဲဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သုံးသပ်ကြည့်ကြရအောင်ပါ၊ သူတို့ လတ်တလော လှုပ်ရှားနေတဲ့ အဓိကကိစ္စက လက်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူညီစွာ ဖွင့်လှစ်ထားတဲ့ နိုင်ငံသားသက်သေခံ ကတ်ထုတ်ပေးရေးဌာနလို့ခေါ်တဲ့ CI စင်တာတွေမှာ CI မလုပ်ကြဖို့ သွေးထိုး လှုံ့ဆော်နေတာပါ။ အကြောင်းပြချက်ကတော့ အခွန်မပေးချင်တာပါတဲ့၊ အတော်ကို ခေါင်းမရှိတဲ့ ငပိန်းတွေရဲ့ အတွေးအခေါ်ကို ခေါင်းမရှိတဲ့ ပြည်သူတွေက ဝိုင်းထောက်ခံလိုက်ကြတာ တစ်ပတ်အတွင်း ထောက်ခံသူဦးရေ ၂၁၈၀ဝဝဝ နှစ်သန်းတစ်သိန်း ရှစ်သောင်းကျော်ရှိသတဲ့၊ ကောင်းပေစွ လုပ်ကြပေါ့။ ယုံအောင် လိမ်တဲ့သူတွေကလည်း လိမ်၊ ယုံသူတွေကလည်း ယုံ၊ အိုးရွဲ့နဲ့ စလောင်းရွဲ့ကတော့ ခွင်ကို တည့်နေတာပါပဲ။ ကျွန်တော်လည်း ဟုတ်လှချည်လားပေါ့။ အံ့ဩမယ်ကြံတုန်း တစ်နေ့က ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အားရပါးရ လကြွားတယ် " ကိုဝင်းရေ ငါတို့ရုံးက ဝန်ထမ်းတွေအကုန်လုံး CI မလုပ်ရရေးစစ်တမ်းမှာ နာမည် စာရင်းပါကုန်ပြီ"တဲ့ ကျွန်တော်ကလည်း " ဟ.. ငါဘာမှ မလုပ်ရပါဘဲ ဘယ်ကစာရင်းထဲ ပါလာတာတုန်း" မေးတော့။ မသိဘူး။ ငါလည်း စစ်တမ်းကောက်တဲ့ပိုစ့်အောက်မှာ အားပေးတယ်ဆိုပြီး မန့်လိုက်တာ Cb ကနေ စာပြန်ပို့ လာတယ် " ညီတို့အလုပ်မှာ မြန်မာဘယ်နှယောက်ရှိလဲတဲ့ ငါကလည်း ၁၅ ယောက်လို့ ဖြေလိုက်တာ အကုန် လုံး ထောက်ခံသူထဲ ထည့်လိုက်တယ်ဆိုပြီး စာပြန်လာ တယ်တဲ့။ ဒါလက်တွေ့ ကျွန်တော့်မှာ သက်သေတွေ ရှိတယ်။ ဒါနဲ့ ကျွန်တော်လည်း သူတို့ပြောတဲ့ ထောက်ခံသူ နှစ်သန်းကျော် ဆိုတာကို တွေးပြီး ပြုံးမိလိုက်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေကို ပြောချင်ပါတယ်၊
ရှေ့ရောက်လာမယ့် ဒုက္ခတသီတတန်းကြီးကို မမြင်ဘဲ အဲကွန်းအခန်းထဲ ဇိမ်ကျကျထိုင်ပြီး လိမ်ညာလှည့်စားသွေးထိုးလှုံ့ဆော်ပေးနေရုံနဲ့ အိတ်ကပ်ဖောင်းနေသူတွေအတွက် ဆက်ပြီး တုံးအနေကြဦးမယ်ဆိုရင်တော့ များများသာ ထောက်ခံကြပါလို့ ပြောချင်ပါတယ်၊ အေး...ပြီးရင်တော့ ဘယ်သူမှမလုပ်ချင်တဲ့ တောကြိုတောကြားမှာ ကြံခုတ်၊ ကလောဥတူး၊ ဆောက်လုပ်ရေး လူကြမ်းအလုပ်နဲ့ စားသောက်ဆိုင်ကြီးတွေအနောက်မှာ ပန်းကန်ဆေးသာ လုပ်ဖို့ ပြင်ထားကြပါလို့ အဲဒီငပိန်း ထောက်ခံတဲ့ ငပိန်းတစ်စုကို တစ်ခါတည်း သတိပေးချင်ပါတယ်။ ထိုင်းအစိုးရကထုတ်ပေးတဲ့ ပန်းရောင်ကတ်နဲ့ ထိုင်းနိုင်ငံမှာ ဘာမှ လုပ်စားခွင့်၊ သွားလာခွင့် မရှိပါဘူး၊ ပန်းရောင်ကတ် ဆိုတာ CI လုပ်ဖို့အတွက် လိုအပ်တဲ့ အထောက်အထားတစ်ခုပါပဲ၊ ကျန်တာ ဘာမျှသုံးလို့မရပါဘူး။ ဒါကိုလည်း ထိုင်းရောက်မြန်မာတွေ သိကြပါတယ်။ သိသိကြီးနဲ့ မယောင်ရာ ဆီလူးနေကြမှတော့ ခံကြပေါ့၊ အခု CI စင်တာတွေ တရားဝင် ပြန်ပိတ်သွားတာနဲ့ နောက်ပိုင်း ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းအားလုံးဟာ CI စာအုပ်ကို အဓိက အထောက်အထားအဖြစ်နဲ့ လျှောက်ထားခွင့် ပြုကြမှာပါ၊ ဒီအချိန်မှာ CI မလုပ်တဲ့သူတွေကတော့ ဒုက္ခလှလှခံကြပေါ့။ ပြီးရင် အခု ခင်ဗျားတို့ကို ဂျင်းအကြီးစား ထည့်နေတဲ့ MM-WRCCT အဖွဲ့တွေ၊ နေမျိုးဇင် ဆိုသူတွေက အိတ်ဖောင်း ချင်လို့၊ ဇိမ်နဲ့နှက်ဖို့ တတိယနိုင်ငံတွေအထိ လစ်ပြေးကြလိမ့်မယ် မယုံချင်နေ၊ ယုံချင်ယုံလို့ပဲ ပြောလိုက်တော့မယ်။ ခင်ဗျားတို့ဗျာ၊ အတော်ပိန်းတယ်ပြောတော့လည်း နာကြသေးတယ်၊ ကိုယ်တိုင်ဦးနှောက်ရှိသလား ဆိုတော့လည်း လုံးဝကို မရှိဘူး။ နည်းနည်းပါးပါး စဉ်းစားကြလေဗျာ။ NUG ကို ဘယ်နိုင်ငံက တရားဝင်အစိုးရအဖြစ် သတ်မှတ်ထားလို့၊ ခင်ဗျားတို့ကို ဘာအထောက်အထား လုပ်ပေးနိုင်မှာလဲ။ NUG ဆိုတာ ပြည်ပကို မပြောနဲ့ ပြည်တွင်းမှာကိုက ဘယ်တိုင်းရင်းသားလက်နက်ကိုင်၊ ဘယ်နိုင်ငံရေးပါတီကမှ အသိအမှတ်မပြုထား၊ လက်မခံထားတဲ့ လေပေါ်မှာ တိုက် ဆောက်ထားတဲ့ အဖွဲ့တစ်ခုဗျ။ ခင်ဗျားတို့ မယုံဘူးဆိုရင် NUG ရဲ့ လုပ်ဆောင်ချက် မူဝါဒတွေ၊ ထုတ်ပြန်ရပ်တည်ချက်တွေကို ထောက်ခံထားတဲ့ နိုင်ငံတကာ အသိအမှတ်ပြု အထောက်အထား တစ်ခုခုရှိရင် သက်သေချပြကြလေ၊ လုပ်ပါ ချီးကျူးချင်လွန်းလို့ပါ။ တကယ်ပါဗျာ ပိန်းတာလည်း ကြည့်ပိန်းကြပေါ့။ ထိုင်းအစိုးရ ကိုယ်တိုင်က CI ဖျက်သိမ်းဖို့ မဖြစ်နိုင်ပါဘူးလို့ တရားဝင်ထုတ်ပြန်ထားတာကို CI ပယ်ဖျက်ရေးပဲ အော်နေကြလို့ နေမြင့်လေ အရူးရင့်လေပဲ ဖြစ်တော့မှာပေါ့။ ခင်ဗျားတို့ဘဝ၊ ခင်ဗျားတို့ မိသားစု၊ ခင်ဗျားတို့ အနာဂတ်တွေ လုံးဝပျောက်သွားလိမ့်မယ်သဘောပေါက်လား။ ကဲထားပါတော့ဗျာ ခင်ဗျားတို့ NUG က အထောက်ထားတစ်ခု ထုတ်ပေးပါပြီတဲ့၊ အဲ့ဒီအထောက်အထားက ဘယ်နားမှာ သွားသုံးစားမှာလဲ ပြောကြည့်ကြပါဦး။
ဘာလဲ :အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ထုတ်ပေးသော နိုင်ငံသား သက်သေခံကတ်"ဆိုပြီး ကတ်တစ်ခုထုတ် မိတ္တူသိန်းချီကူးပြီး ပေးတာကို အဟုတ်မှတ်။ ရပါတယ်ပေးလို့ အဲဒီကတ်ကိုင်ပြီး ဘယ်နေရာမှာ အလုပ်လျှောက်မှာလဲ၊ ထိုင်နိုင်ငံအတွင်း အဲဒီကတ်ကိုင်ပြီး သွားလာခွင့် ရမှာလား၊ တစ်ခုပဲ တစ်ရှူးကုန်နေတဲ့ အိမ်သာမှာတော့ အသုံးတည့်ချင် တည့်လိမ့်မယ်၊ ကျန်တာတော့ ဘာမှ ဘောင်မဝင်ဘူး စိတ်ချ၊ နေမျိုးဇင် က CI ဗန်းပြ ခွက်ခေါက်နေတော့ ထောက်ပို့ ဗန်းပြ ငစည်က မျက်စောင်းတကဲကဲ ဖြစ်နေပြီ။ အပေါ်မှာ ခွက်ခေါက်တွေက သူတို့လက်ထဲက ခွက် သူ့ခွက်အရင် ပြည့်ရေး၊ ကိုယ့်ခွက် အရင်ပြည့်ရေး လုပ်နေကြတာ ခင်ဗျားတို့ သိသင့်ပါပြီ၊
လိုင်းပေါ်တွေ့လိုက်ပါတယ် " ထောက်ပို့အဖွဲ့ ဝင်တွေ PDF ထောက်ပို့တပ်သားအဖြစ် တရားဝင်သတ်မှတ်ခံရခြင်း သက်သေခံကတ်" ဆိုပြီး မိတ္တူကူးလိုက်ဖြန့် နေကြတာ ဘုမသိဘမသိနဲ့ ဒီကတ်လက်ထဲရောက်တာနဲ့ မြောက်ြွကြွက ဖြစ်ကုန်ရော၊ သူတို့ကိုယ်သူတို့ ပူတင်ရဲ့ ကိုယ်ရံတော်လိုလို၊ ဒေါ်နယ်ထရမ့်ရဲ့သက်တော်စောင့်လိုလိုနဲ့ ဖြစ်နေကြတာ၊ တကယ်တမ်း ခင်ဗျာတို့ထောက် ပို့ကတ် ကိုင်ထားသူတွေကိုလည်း NUG က မသိသလို၊ ပြည်တွင်း ဘယ် PDF အဖွဲ့ကမှလည်း ခင်ဗျားတို့ကို စိတ်မဝင်စားဘူး၊ သူတို့ စိတ်ဝင်စားတာက ခင်ဗျားတို့ လစဉ် ထောက်ပံ့နေတဲ့ ထောက်ပို့ငွေ ပမာဏကိုပဲ စိတ်ဝင်စားတာ သိဖို့ပါ။ မိတ္တူစက်တစ်လုံးရှိရင် စိတ်ကြိုက်ထုတ်လို့ရတဲ့ ဖဲချပ်လောက် စက္ကူကတ်တစ်ခုရဖို့ ခင်ဗျားတို့မို့ အရူးထနေကြတယ်။ အေး...အဲဒီကတ်တွေကိုင်ပြီး မြန်မာပြည်ပြန်ဝင်ရင် သံတိုင်တံခါးဆီသာ ဝင်ဖို့ပြင်ထားလိုက်တော့။ ကျန်တာမပြောတော့ဘူး မောတယ်။ မျက်စိရှေ့တင် CI ဖျက်သိမ်းရေး UN သံရုံးရှေ့သွားအော်သူ ဆူရတ်ခေါ် ဝီရဆိုတဲ့ ကလိမ်ကကျစ်ကောင်လည်း အခု ဖမ်းဝရမ်းထုတ် အဖမ်းခံသွားရပြီ၊ ခင်ဗျားတို့က ခုထိ CI ပယ်ဖျက်ချင်နေကြတုန်း။ လိုရင်းပဲပြောမယ်ဗျာ၊ ကိုယ်ရှာကိုယ်ပေး အနာဂတ်အရေး မတွေးချင်လည်းနေကြပါ။ သူများနိုင်ငံမှာ ခဏ လာခိုနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နောင်တစ်ချိန် ကိုယ့်ပြည်ပြန်ရင် ရင်ကော့ပြီး ပြန်နိုင်မယ့် ခိုင်လုံတဲ့ အထောက်အထားလေးတော့ လုပ် ကြပါ။ ဘောင်မဝင် တန်းမဝင် အဖွဲ့ကို အားကိုးပြီး ဘောင်မဝင်တန်းမဝင် အထောက်အထားတွေကို အကုန်အကျခံ လိုက်လုပ်နေကြတာ။ ခင်ဗျားတို့ဒီတစ်သက် မြန်မာပြည်မပြန်တော့ဘူးလားလို့သာ တစ်ခွန်းပဲမေးပါရ စေတော့၊ တစ်ကျော့ပြန်စတား (လက်ပံတန်း) (TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )