Kanbawza Tai News

စက်သုံးဆီဈေးများ ဆက်လက်ကျဆင်း

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ( PPRD) ၏ ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစာရင်းအရ စက်သုံးဆီအမျိုးအစားအားလုံး ၅၀၀ ကျပ်ဝန်းကျင်စီ ဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။

အောက်တိန်း 92 နှင့် 95 ဈေးနှုန်းများမှာ ယခင်ရက်သတ္တပတ်ထက်၂၆၀ ကျပ်မှ ၄၅၅ ကျပ်အထိဈေးနှုန်းကျဆင်း လာပြီး ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၂၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂၇၀ ကျပ် ဈေးနှုန်းကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

PPRD ၏ ယနေ့ နိုဝင်ဘာလ ၂၀ ရက် ထုတ်ပြန်ချက်အရ တောင်ကြီးမြို့အတွက် စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၃၉၇၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင်၄၀၃၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၄၃၀၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင်၅၁၉၅ ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော်ကာလတွင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွက် ပုံမှန် စက်သုံးဆီ ခွဲတမ်းအပြင် အရန် စက်သုံးဆီ ရရှိရေးကိုလည်း ကြိုတင်စီမံဆောင်ရွက်ထားကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူက ပြောဆိုထားသည်။

စက်သုံးဆီဈေးနှုန်းများမှာ အနည်းငယ် ကျဆင်းလာသော်လည်း မှောင်ခိုဈေးကွက်မှာ ဆက်လက်ရှိနေဆဲဖြစ်ကာ ပြင်ပမှောင်ခိုဈေးကွက်တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် တစ်သောင်းကျော်အထိ ရောင်းချနေကြကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News