
ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၂၅ ရက်မှ စတင်၍ တရုတ်-မွန်ဂိုလီးယား-ရုရှား နိုင်ငံတကာ ခရီးသည်တင် ရထားဝန်ဆောင်မှုကို အပတ်စဉ် အသွားအပြန် ခရီးစဉ်များဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း China State Railway Group Co., Ltd. (တရုတ်နိုင်ငံ မီးရထားလုပ်ငန်း) ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ပေကျင်းမြို့မှ အူလန်ဘာတာမြို့ကို ဖြတ်သန်း၍ Irkutsk မြို့အထိ ပြေးဆွဲမည့် အဆိုပါရထားခရီးစဉ်သည် စုစုပေါင်း အကွာအဝေး ၂,၆၆၆ ကီလိုမီတာ ရှိပြီး ခရီးသွားချိန် ၅၅ နာရီ ကြာမြင့်မည်ဖြစ်သည်။
ထိုရထားခရီးစဉ်တွင် လေအေးပေးစနစ်ပါဝင်သည့် 25G အမျိုးအစား ရထားတွဲများကို အသုံးပြုထားပြီး အိပ်စင်တွဲများ၊ အဆင့်မြင့် အိပ်စင်တွဲများ၊ လျှပ်စစ်ဓာတ်အားထုတ်ပေးသည့်တွဲနှင့် စားသောက်တွဲတို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါရထားဝန်ဆောင်မှုသည် နိုင်ငံသုံးနိုင်ငံအကြား ဝန်ထမ်းရေးရာ ကူးလူးဆက်ဆံမှုများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုတို့ကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဟု မျှော်မှန်းကြောင်း အဆိုပါကုမ္ပဏီက မှတ်ချက်ပြုပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ပေကျင်းမြို့မှ ထွက်ခွာမည့် ရထားလက်မှတ်များကို လူကိုယ်တိုင် လာရောက်ဝယ်ယူသည့်စနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။
တရုတ်နိုင်ငံအနေဖြင့် ဗီဇာကင်းလွတ်ခွင့် မူဝါဒများကို တိုးချဲ့ကျင့်သုံးလာမှုနှင့်အတူ နိုင်ငံခြားခရီးသွားဧည့်သည်များအကြား ပိုမိုရေပန်းစားလာချိန်တွင် ထိုရထားဝန်ဆောင်မှုကိုစတင်ရန် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၂၀၂၆ ခုနှစ် တတိယသုံးလပတ်ကာလတွင် တရုတ်နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည်ဦးရေ ဆက်လက်တိုးတက်လာခဲ့ပြီး ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာသူဦးရေမှာ ယခင်နှစ် အလားတူကာလကထက် ၂၄.၁ ရာခိုင်နှုန်း တိုးလာကာ ကိုးသန်းနီးပါးအထိ ရှိလာခဲ့ကြောင်း တရားဝင်အချက်အလက်များက ဖော်ပြထားသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၅၀ မှ ခရီးသွားဧည့်သည်များအတွက် တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ကို တိုးချဲ့ပေးထားခဲ့သည်။ ယင်းမူဝါဒအရ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ခရီးသွားဧည့်သည်များအနေဖြင့် တရုတ်နိုင်ငံအတွင်း ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ရှိကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
China-Mongolia-Russia passenger train service to be launched soon
BEIJING, Nov. 20 (Xinhua) -- Starting Nov. 25, the China-Mongolia-Russia international passenger train service will offer round trips on a weekly basis, according to China State Railway Group Co., Ltd. (China Railway).
The train service, which runs from Beijing via Ulaanbaatar to Irkutsk, features a total distance of 2,666 kilometers and a travel time of 55 hours.
The train uses 25G-type air-conditioned carriages throughout the journey, and comes with hard sleeper cars, deluxe soft sleeper cars, a power generation car and a dining car.
The train service is expected to further promote personnel exchanges, economic and trade cooperation, as well as cultural and people-to-people exchanges among these three countries, the company noted.
At present, train tickets from Beijing are being sold offline.
The launch of this service comes at a time when China is gaining rising popularity with foreign visitors, boosted by its expanded visa-free policies.
China continued to attract more foreign visitors in the third quarter of 2026, with visa-free entries rising 24.1 percent year on year to nearly 9 million, official data showed.
China had expanded unilateral visa-free entry to travelers from 50 countries as of September 2026. This policy allows eligible visitors to stay in the country for up to 30 days. ■
Photo caption: An aerial drone photo taken on April 13, 2026 shows a train of the China-Laos Railway, departing from Kunming of southwest China's Yunnan Province, arriving in Vientiane, Laos. (Photo by Xia Ningqin/Xinhua)