Myanmar National Post

ဗြိတိန် ကို အစ္စလာမ်းမစ် အကြမ်းဖက်ဝါဒီတွေ ဝါးမြိုနေပါပြီ


အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအပေါ်  လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စီရင်ချက်ချပြီး နိုင်ငံတကာက ပထမဆုံး အသံထွက်လာတဲ့ ပြည်ပနိုင်ငံက ဗြိတိန်ဖြစ်နေပါတယ်။ အင်္ဂလန် (သို့) ဗြိတိန် က မြန်မာနိုင်ငံအပေါ် ICJ က ချမှတ်လိုက်တဲ့ အမိန့်နဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်လို့များ အခုလို ထုတ်ပြန်ချက်မျိုးထွက်လာလဲ စဉ်းစားလို့မရ။ အိုအိုင်စီအဖွဲ့ဝင် နိုင်ငံတစ်ခုက ဒါမျိးထုတ်ပြန်လာတယ် ဆိုရင်တောင် ကြားလို့ကောင်းသေးရဲ့။ အင်္ဂလိပ်တွေက -

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်သည့် သမိုင်းဝင် စီရင်ချက်တစ်ရပ်ကို ချမှတ်လိုက်သည်။

အဆိုပါ တရားရုံးနှင့် နိုင်ငံတကာ ဥပဒေစိုးမိုးရေးစနစ်အပေါ် ယူကေအစိုးရက အပြည့်အဝ ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုပါသည်။ ထို့အပြင် မြန်မာစစ်အာဏာရှင်အဖွဲ့၏ ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခဲ့မှုများကိုလည်း ပြင်းထန်စွာ ရှုတ်ချပါသည်။

ရိုဟင်ဂျာများအတွက် ရပ်တည်ထောက်ခံမှုနှင့် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအနာဂတ်တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် ထောက်ခံအားပေးမှုတို့ကို ယူကေအစိုးရအနေဖြင့် ဆက်လက် ခိုင်မာစွာ ထိန်းသိမ်းသွားမည် ဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရဲ့ ထုတ်ပြန်စာမှာ ဆိုရင် -

“ယနေ့တွင် နိုင်ငံတကာတရားရုံး (ICJ) သည် မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည့် အရေးပါသော စီရင်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပြီ ဖြစ်သည်။

ယူကေ (ဗြိတိန်) အနေဖြင့် နိုင်ငံတကာတရားရုံးနှင့် နိုင်ငံတကာ ဥပဒေစနစ်အပေါ် အပြည့်အဝ ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုသကဲ့သို့၊ မြန်မာစစ်အာဏာရှင်အဖွဲ့က ရိုဟင်ဂျာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ဆက်ဆံမှုများကိုလည်း ပြင်းထန်စွာ ရှုတ်ချပါသည်။

ဤဆိုးရွားလှသော ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်နှင့် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် ယူကေက ပြတ်သားစွာ ဆုံးဖြတ်ထားသည်။

ယခု စီရင်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် ယနေ့တွင် ချက်ချင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။ မြန်မာစစ်အာဏာရှင်အဖွဲ့အပေါ် လက်ရှိ ချမှတ်ထားပြီးသော ပိတ်ဆို့အရေးယူမှုများကို အခြေခံကာ၊ ယူကေနိုင်ငံဆိုင်ရာ မြန်မာ့ကာကွယ်ရေးဦးစီးချုပ်ရုံး (စစ်သံမှူး) ကို နိုင်ငံမှ ထွက်ခွာသွားရန် ညွှန်ကြားလိုက်ပြီး၊ ဤစီရင်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုကို အရေးပေါ် ခေါ်ယူကျင်းပပေးရန် တောင်းဆိုထားသည်။

ဤကဲ့သို့သော ရာဇဝတ်မှုများကို ကျူးလွန်ပြီးနောက် အပြစ်ပေးအရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်နေ၍ မရနိုင်ကြောင်း ရှင်းလင်းပြတ်သားသည့် သတင်းစကားကို နိုင်ငံတကာတရားရုံး၏ ဆုံးဖြတ်ချက်က ပေးပို့နိုင်စေရန် ကျွန်ုပ်တို့ ဆောင်ရွက်ရမည် ဖြစ်သည်။

ရိုဟင်ဂျာများသည် နှစ်ပေါင်းများစွာကြာအောင် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားခဲ့ကြရသည်။ မြန်မာနိုင်ငံအနေဖြင့် ဤစီရင်ဆုံးဖြတ်ချက်ကို အပြည့်အဝ လိုက်နာရမည် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ရိုဟင်ဂျာများအတွက် တရားမျှတမှု ရရှိရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးနှင့် ဆုံးဖြတ်ချက်များ လက်တွေ့အကောင်အထည်ဖော်နိုင်ရေးတို့တွင် မိမိတို့၏ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

ထို့အပြင် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ ယာယီတာဝန်ခံ (Chargé d’Affaires) ကို ခေါ်ယူတွေ့ဆုံသွားမည်ဖြစ်ပြီး၊ တာဝန်ရှိသူများအား အပြစ်ပေးအရေးယူနိုင်ရေးအတွက် နောက်ထပ် ဆောင်ရွက်မည့် အစီအမံများကိုလည်း လာမည့်ရက်များအတွင်း ထုတ်ဖော်ကြေညာသွားမည် ဖြစ်သည်။ ရိုဟင်ဂျာများအပေါ် ကျွန်ုပ်တို့၏ ထောက်ခံအားပေးမှုမှာ ခိုင်မြဲလျက်ရှိသကဲ့သို့၊ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ဒီမိုကရေစီကျကာ အားလုံးပါဝင်နိုင်သည့် အနာဂတ်တစ်ခု ဖြစ်လာစေရေးအတွက်လည်း ဆက်လက် ထောက်ခံအားပေးသွားမည် ဖြစ်သည်။” လို့ ဆိုပါတယ်။

အဲဒီ အင်္ဂလန် (သို့) ဗြိတိန် ဆိုတဲ့ အင်္ဂလိပ်တွေကို စကားတွေ ရှည်ရှည်ဝေးဝေး ပြောနေဖို့ မလိုပါဘူး။ မင်းတို့တွေ မြန်မာပြည်ထဲကို ဘင်္ဂါလီတွေ ခေါ်သွင်းခဲ့တယ်။ အဲဒီအချိန်တုန်းက အဲဒီလူတွေကို မင်းတို့အနေနဲ့ ရိုဟင်ဂျာလို့ သတ်မှတ်ခဲ့လို့လား။ မင်းတို့ရဲ့ အဘိုး ကိုလိုနီနယ်ချဲ့ သူယုတ်မာကြီးတွေကို ပြန်မေးကြည့်အုံး။ လူမျိုးလိမ် နာမည်ကို သံယောင်လိုက်ပြီး အားမချောင်မီ မင်းတို့ အဖိုးတွေကို ပြန်မေးကြည့်အုံး။

မင်းတို့ တိုင်းပြည် အင်္ဂလန် (သို့) ဗြိတိန်ကိုလည်း အစ္စလာမ်းမစ်တွေက လွှမ်းမိုးစပြုနေပါပြီ။ မင်းတို့ အင်္ဂလန်နိုင်ငံထဲကို နည်းမျိုးစုံနဲ့ ခိုးဝင်ရောက်ရှိလာတဲ့ ဘင်္ဂလီများနဲ့ အလားသဏ္ဍာန်တူတဲ့ အစ္စလာမ်ဘာဝင်တွေ ရောက်ရှိလာပြီး မင်းတို့ အင်္ဂလိပ်အမျိုးသမီးတွေကို ပျက်ရယ်ပြုစော်ကားရုံမျှမက သူတို့ရဲ့ ဘာသာရေးအစွန်းရောက်မှု သရုပ်မှန်တွေကို ဖော်ပြနေပြီမဟုတ်လား။ မင်းတို့ အင်္ဂလန်နိုင်ငံသား IS အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး က အမေရိကန်၊ ဂျပန် အစရှိသော နိုင်ငံသားများကို ဖမ်းဆီး လည်-ှီး သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို မင်းတို့ မြင်တွေ့ခဲ့ရပြီးပြီ။ 

ဒီအချိန်ထိအောင် မင်းတို့က လစ်ဗြဲ၊ လူ့အခွင့်အရေးကို အလေးထားသလိုလို၊ အစွန်းရောက် အစ္စလာမ်းမစ်တွေအလိုကျ မင်းတို့ရဲ့ လစ်ဗြဲဝါဒကို ဖော်ပြနေသေးတယ်။ ငါတို့မြန်မာပြည်က မင်းတို့ရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကိုလည်း သိတယ်။ မင်းတို့ အကာအကွယ်ပေးနေတဲ့ လူ့အခွင့်အရေးအရည်ခြုံ အစ္စလာမ်းမစ် အစွန်းရောက်ဝါဒီတွေရဲ့ ယုတ်မာရိုင်းစိုင်းပုံတွေကိုလည်း သိတယ်။ ကိုယ့်တိုင်းပြည်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်မယ်။

မင်းတို့ အင်္ဂလန် (သို့) ဗြိတိန် မှာ အင်္ဂလိပ်လူမျိုးပျောက်၊ အစ္စလာမ်းမစ်အစွန်းရောက်ဝါဒီတွေ လွှမ်းမိုး ဝါးမြိုသွားတဲ့အခါ မင်းတို့ရဲ့ လစ်ဗြဲဝါဒလည်း ခေါင်းမထောင်နိုင်တော့ဘူး။ မင်းတို့ လူမျိုးရဲ့ ဇာတိသရုပ်ကိုလည်း ဖော်ပြခွင့် မရတော့ဘူးဆိုတဲ့အခါမှ နောင်တရကြလိမ့်မယ်။ 

ကြက်တူရွေးကတော်တော်။ မယ်ဘော်က ကဲကဲ။ အိုအိုင်စီနိုင်ငံတွေက စမန်မထဘဲ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ် သူယုတ်မာတွေက ရာရာစစ လူပါးဝလို့ ဒါလေးကို ရေးသားပြဆိုတာပါ။ မင်းတို့ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာ မကွဲပြားဘူးဆိုရင် မင်းတို့အဖိုး ကိုလိုနီနယ်ချဲ့ သူယုတ်မာကြီးများကို အရင်မေး။ သမိုင်းကို သိပြီးမှ အာချောင်ပါ။ မင်းတို့နိုင်ငံထဲမှာ မင်းတို့ပြောတဲ့ ရိုဟင်ဂျာအမည်ခံလိုတဲ့ ဘင်္ဂလီတွေ ရှိတယ်။ သူတို့ကို သူတို့ခံယူချင်တဲ့ လူမျိုးလိမ်နာမည်နဲ့ အသိအမှတ်ပြုပြီး မင်းတို့နိုင်ငံမှာပဲ နေထိုင်ခွင့်ပေးလိုက်ပါ။ စောင့်ရှောက်လိုက်ပါ။ လူမျိုးလိမ်နာမည်ခံချင်တဲ့ ဘင်္ဂလီတွေများစွာ ကျန်သေးတယ်။ လစ်ဗြဲ ဗြိတိန် က ခေါ်ယူစောင့်ရှောက်လိုက်ပါ။ 

ဒီအချိန်မှာတောင် အင်္ဂလိပ်အမျိုးသားရေးဝါဒီတွေမှာ ခိုးဝင် အစ္စလာမ်းမစ်တွေကို နေထိုင်ခွင့်ပြုနေတဲ့ အစိုးရက ဖြုတ်မချနိုင်ဘူးဆိုရင် နောင်(၁၀)နှစ် ပိုဆိုးသွားပါပြီ။ အစ္စလာမ်းမစ်တွေက အမေရိကန်နိုင်ငံရေးနယ်ပယ်ထဲ ခြေဆန့်လာသလို အင်္ဂလန် (သို့) ဗြိတိန်မှာလည်း နိုင်ငံရေးအာဏာရဖို့ ကြိုးပမ်းလာကြပြီ။ နိုင်ငံရေးအာဏာရသွားသူတွေလည်း ရှိနေပြီ။ အင်္ဂလိပ်တွေကို ပြန်ပြီး နှိပ်ကွပ်ဖို့ အကွက်ကျကျ လှုပ်ရှားနေကြပါပြီ။ အင်္ဂလိပ်တွေ မျိုးပြုတ်တော့မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဆိုတာ သမိုင်းပြတိုက်ထဲမှာတောင် မှတ်တမ်းတင်ထားခြင်းမျိုး မခံရဲဘဲ အမျိုးဇာတ် ပြတ်သွားသည်အထိ အစ္စလာမ်းမစ်တွေက ဝါးမြိုသွားပါလိမ့်မယ်။ 

မြန်မာပြည်ထဲ အင်္ဂလန်နိုင်ငံသားတွေ လာခွင့်မပြုပါနဲ့။ မြန်မာပြည်ထဲမှာ အင်္ဂလိပ်တွေ အမှတ်အသားပြုခဲ့တဲ့ အင်္ဂလိပ်စစ်သင်္ဂြိုင်းလိုနေရာမျိုးတွေ ပိတ်ပစ်ပါ။ အင်္ဂလိပ်သူယုတ်မာတွေရဲ့ အကြိမ်ကြိမ်အခါခါ ယုတ်မာကောက်ကျစ်ခြင်းကို မြန်မာအနေနဲ့လည်း ပြတ်ပြတ်သားသား တုန့်ပြန်ပါလို့ ထပ်လောင်း တိုက်တွန်းချင်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#Myanmar #News

မူရင်းသတင်း — Myanmar National Post