
Pika (NP News) - နိုဝင်ဘာ ၂၂
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင်နေထိုင်သည့် အနုပညာရှင်တစ်ဦးသည် ဧရာမမှိုကြီးတစ်မျိုး ဖြင့်ဖန်တီးထားသည့် ကနူးလှေ ကိုအသုံးပြုကာ အကွာအဝေး(၂၆ ဒသမ ၃၇)မိုင်ခရီးကို လှေလှော်ကာ ဖြတ်သန်းသွားလာခဲ့ပြီးနောက် ရေကြောင်းဆိုင်ရာမှိုပညာရှင်တစ်ဦးဖြစ်လာခဲ့ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ်မြို့တွင်နေထိုင်သည့် အနုပညာရှင်နှင့် မှိုလေ့လာသူတစ်ဦးဖြစ်သည့် ဆမ်ရှူးမိတ်ကာသည် (၂၀၂၅)ခုနှစ် ဩဂုတ်လတွင် Catalina ကျွန်းမှ ကုန်းမကြီးတွင်ရှိသော Cabrillo ကမ်းခြေအထိ တစ်ကိုယ်တော် ခရီးတစ်ခုကို မှိုဖြင့် လုပ်ထားသောကနူးလှေဖြင့် ဖြတ်သန်းသွားလာခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
ဆမ်ရှူးမိတ်ကာအသုံးပြုခဲ့သည့် အရှည် (၁၂)ပေရှိသောကနူးလှေငယ်ကို Ganoderma polychromum ဟု ခေါ်သောမှိုမျိုးစိတ်၏ မှိုမျှင်များ ဖြင့်ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အချိန်(၁၂)နာရီကြာမြင့်ခဲ့သော အဆိုပါခရီး စဉ်ကြောင့် ဆမ်ရှူးမိတ်ကာသည် မှိုမျှင်များဖြင့်ဖန် တီးထားသည့်လှေကိုအသုံးပြုကာ တစ်ကိုယ်တော် ခရီးအရှည်ဆုံးသွားလာနိုင်ခဲ့သူအဖြစ် ဂင်းနစ်စံချိန်သစ် တစ်ခုကို တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆမ် ရှူးမိတ် ကာသည် ပြီးခဲ့သည့်ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း မှိုမျိုးစိတ်ပေါင်းများစွာကို စိုက်ပျိုးလေ့လာခဲ့ပြီး ၎င်းတို့ကို အသုံးပြုကာ ပန်းပုလက်ရာများနှင့် အနုပညာဖန်တီးမှုများကို လုပ်ဆောင်ခဲ့သည်။
ဆမ်ရှူးမိတ်ကာ၏သုတေသနလုပ်ငန်းတွင် ပလတ်စတစ်များနှင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြု လေ့ရှိသော ပြန်အသုံးပြု၍မရနိုင်သည့်ပစ္စည်းများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော အစားထိုးပစ္စည်းများအဖြစ် မှိုများကိုအသုံးပြုနိုင်မည့် အလားအလာများကိုလည်း လေ့လာစူးစမ်းလျက်ရှိ ကြောင်းသိရသည်။ ထို့ပြင် ဆမ်ရှူး မိတ်ကာသည် (၂၀၂၄) ခုနှစ်တွင် မှိုဖြင့်ပြုလုပ်ထားသော အရှည် (၁၅)ပေရှိ လှေငယ်တစ်စင်းကို ပထမဆုံးအကြိမ် တည်ဆောက်ခဲ့ဖူးကြောင်းလည်းသိရသည်။
နောက်ပိုင်းတွင် ဆမ်ရှူးမိတ်ကာသည် ၎င်း၏ ဝမ်းကွဲညီအစ်ကိုဖြစ်သူလာဇာနှင့်ပူးပေါင်းကာ လှေပုံစံသစ် တစ်ခုကိုဖန်တီးခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် ဖိုက်ဘာမှန်ပုံစံခွက်များ၊ သဘာဝအတိုင်းပြိုကွဲပျက်စီးနိုင်သော အထည်အလိပ်များနှင့် အပင်မှရရှိသည့်ပစ္စည်းများကိုအသုံးပြုကာ မှိုမျှင်များ ကြီးထွားလာသည့်အချိန်တွင် လှေပုံ သဏ္ဌာန်ဖြစ်လာစေရန် စီမံဖန်တီးခဲ့ကြကြောင်းသိရသည်။ အလေးချိန် (၁၀၇)ပေါင်ရှိသော အဆိုပါလှေကြီး ထွားဖြစ်ပေါ်လာစေရန်အတွက် သီတင်းပတ်(၇)ပတ်ကြာမြင့်ခဲ့ပြီး ပြင်ဆင်မှုနှင့်စမ်းသပ်မှုများအတွက် အချိန်(၃)လ ယူခဲ့ရကြောင်းသိရသည်။ ထို့ပြင် ဆမ်ရှူးမိတ်ကာသည် လှေ၏ ကြာရှည်ခံနိုင်မှုကိုမြှင့်တင်ရန်အတွက် ျ့နူခေ (သဘာဝအစေးတစ်မျိုး)၊ ပျားဖယောင်းအလွှာများဖြင့်ဖုံးအုပ်ကာ အလုံပိတ်ပြုလုပ်ခဲ့ကာ ယင်း ကဲ့သို့ပြုလုပ်ခြင်းကြောင့် လှေတစ်ခုလုံးသည် သဘာဝအတိုင်း ပြိုကွဲပျက်စီးနိုင်သည့်ဂုဏ်သတ္တိကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရသည်။
