





ပခုက္ကူ၊ နိုဝင်ဘာ ၂၂
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ (၄၁)ကြိမ်မြောက်စုပေါင်းဘုံကထိန်ပွဲနှင့် (၁၄)ကြိမ်မြောက်သက်ကြီးပူဇော်ပွဲကို ယနေ့နံနက်၉နာရီအချိန်က အဆိုပါရုံး၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ပခုက္ကူမြို့နယ် ရွာယာအေးကျေးရွာဆရာတော် ဘဒ္ဒန္တမဟိဒ္ဓိဉာဏ ဦးဆောင် သော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့်ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ခရိုင်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဘုရား ဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့်အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်ကြပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှဝေကာ ဆရာ တော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ (၁၄)ကြိမ်မြောက်သက်ကြီးပူဇော်ပွဲအဖြစ် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်ခဲ့သော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပူဇော်ကန်တော့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#Myanmar #News