Xinhua Myanmar

ကမ္ဘောဒီးယားနိုင်ငံတွင် မျောက်ကျောက်ရောဂါ လပေါင်း ၃၀ ကြာ ကင်းစင်နေခဲ့ပြီးနောက် ကူးစက်ခံရသူ အသစ်တစ်ဦးကို တွေ့ရှိ

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၏ မြို့ပြရှုခင်းကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၄ ရက်တွင် တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဖနွမ်းပင်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ နှစ်နှစ်ခွဲကြာ ကင်းစင်နေခဲ့ပြီးနောက် မျောက်ကျောက်ရောဂါ(mpox) ကူးစက်ခံရသူ အသစ်တစ်ဦးကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။  

အဆိုပါ လူနာသည် နိုဝင်ဘာ ၂၀ ရက်တွင် ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး လက်ရှိတွင် ဆေးရုံ၌ ကုသမှုခံယူလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။  

ယခင်က ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် မေလအတွင်း mpox ရောဂါဖြစ်ပွားသူ ၂၀ ဦး ရှိခဲ့ဖူးသည်။  

"ယခုတွေ့ရှိမှုသည် လွန်ခဲ့သည့် လပေါင်း ၃၀ နှင့် ၆ ရက်အတွင်း ရောဂါဖြစ်ပွားမှု တစ်စုံတစ်ရာ မရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိရခြင်းဖြစ်သည်" ဟု ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။  

ရောဂါကူးစက်မှု အစုလိုက်အပြုံလိုက် သို့မဟုတ် ကြီးမားကျယ်ပြန့်စွာ ဖြစ်ပွားခြင်းမျိုး မရှိစေရန်အတွက် ပြည်သူများအနေဖြင့် သတိဝီရိယရှိရှိ နေထိုင်ကြရန်နှင့် မိမိတို့ကိုယ်တိုင်အပြင် မိသားစုဝင်များ၏ ကျန်းမာရေးကိုပါ ဂရုစိုက်ကာကွယ်ကြရန် ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ထုတ်ပြန်ချက်အရ mpox ဗိုင်းရပ်စ်သည် လူတစ်ဦးမှတစ်ဦးသို့ လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုပုံစံအမျိုးမျိုးအပြင်၊ အနာများ၊ ခန္ဓာကိုယ်တွင်း အရည်များ၊ တံတွေး သို့မဟုတ် ဗိုင်းရပ်စ်ကပ်ငြိနေသော ပစ္စည်းများနှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့မှတစ်ဆင့် ပျံ့နှံ့ကူးစက်နိုင်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှ ၎င်း၏သန္ဓေသားထံသို့ ကိုယ်ဝန်ဆောင်ကာလအတွင်း ချက်ကြိုးမှတစ်ဆင့် သို့မဟုတ် မွေးဖွားပြီးနောက်ပိုင်းတွင်လည်း ကူးစက်နိုင်သည်။

"မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ ခန္ဓာကိုယ်၊ မျက်လုံး၊ ပါးစပ် သို့မဟုတ် လိင်အင်္ဂါတို့တွင် အရည်ကြည်ဖုများ ပေါက်ခြင်း၊ ဖျားနာခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ခါးအောက်ပိုင်း နာကျင်ကိုက်ခဲခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း စသည့် လက္ခဏာများ ခံစားနေရသူများသည် ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံသို့ သွားရောက်၍ တိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် mpox ရောဂါ ရှိ၊ မရှိ စစ်ဆေးမှု ပြုလုပ်သင့်သည်" ဟု အဆိုပါထုတ်ပြန်ချက်တွင် အကြံပြုထားသည်။ (Xinhua)


……………………………………………….

(English version)

Cambodia confirms 1st new mpox case after 30-month absence

PHNOM PENH, Nov. 22 (Xinhua) -- Cambodia has detected its first new case of mpox, also known as monkeypox, after the virus had been absent from the country for two and a half years, the Ministry of Health said in a statement on Sunday.

The patient tested positive for the disease on Friday and is currently receiving treatment in a hospital, the statement said, without providing further details.

Previously, Cambodia recorded 20 mpox cases between December 2023 and May 2024.

"This new detection is the first case after Cambodia had not recorded any cases of the disease for the past 30 months and six days," the ministry stated.

The ministry urged all citizens to remain vigilant and protect their health and that of their families to prevent clusters or large-scale outbreaks.

According to the statement, the mpox virus spreads from person to person through all forms of sexual contact, as well as direct contact with wounds, body fluids, saliva, or contaminated materials. It can also be transmitted from a pregnant woman to her fetus via the umbilical cord during pregnancy or after birth.

"Individuals experiencing symptoms such as a blistering rash on the face, palms, feet, body, eyes, mouth, or genitals, along with fever, swollen lymph nodes, headache, muscle aches, lower back pain, and fatigue, should visit a health center or hospital for consultation or mpox testing," the statement advised. ■

Photo caption 1: This photo taken on April 14, 2025 shows the cityscape of Phnom Penh, Cambodia. Phnom Penh, capital of the Kingdom of Cambodia, is located beside the confluence of the Mekong and Tonle Sap rivers. The coexistence of traditional architecture and modern buildings endows the city with life and vitality. (Xinhua/Wang Ye)

Photo caption 2: People take part in a blessing activity to celebrate the Cambodian New Year in Phnom Penh, Cambodia, April 14, 2025. Phnom Penh, capital of the Kingdom of Cambodia, is located beside the confluence of the Mekong and Tonle Sap rivers. The coexistence of traditional architecture and modern buildings endows the city with life and vitality. (Xinhua/Wang Ye)

မူရင်းသတင်း — Xinhua Myanmar