Xinhua Myanmar

အန်မီချာ၏ သွင်းဂိုးကြောင့် ဒေ့ါမွန်အသင်း ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားထိပ်ဆုံးသို့ ရောက်ရှိ

ဂျာမနီနိုင်ငံ မွန်ချန်ဂလာဘတ်ချ်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က မွန်ချန်ဂလာဘတ်ချ်အသင်းနှင့် ဒေ့ါမွန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘွန်ဒက်စ်လီဂါ ပထမတန်း ဘောလုံးပွဲစဉ်၌ ဒေ့ါမွန်အသင်းမှ ဖီးလစ်စ် အန်မီချာ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ ဒေ့ါမွန်အသင်းက ပွဲပြီးရန် ၁၀ မိနစ် အလိုတွင် ဖီးလစ်စ် အန်မီချာ၏ အနိုင်ဂိုးကြောင့် အမှတ်ပေးဇယားအောက်ဆုံးမှ မွန်ချန်ဂလာဘတ်ချ်အသင်းကို အဝေးကွင်းတွင် ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။

အယ်လ်ဗာစ်ဘတ်အသင်းကို အနိုင်ရပြီးနောက် ဒေါ့မွန်နည်းပြ နီကို ကိုဗက်က ပွဲထွက်လူစာရင်းကို သုံးနေရာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ရာမီ ဘန်ဆီဘိုင်နီ၊ ဂျူလီယန် ရိုင်ယာဆန်နှင့် မက်ဆီမီလီယန် ဘိုင်ယာတို့ကို ထည့်သွင်းအသုံးပြုခဲ့ကာ တိုက်စစ်မှူး ဆာဟူ ဂီရတ်ဆီမှာမူ ပေါင်ဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်သည်။

ဂလာဘတ်ချ်အသင်းက ပွဲစစချင်းမှာပင် အပြင်းအထန် ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး ဖီးလစ် ဆန်ဒါ၏ကန်ချက် ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားခဲ့သလို ပွဲချိန် ၅ မိနစ်တွင်လည်း အန်မီချာ၏ အားပါသော အနိမ့်ကန်ချက်ကို ဂိုးသမား ဒန်နီရယ် ဘတ်ဇ် ပုတ်ထုတ်ကာကွယ်ခဲ့ရသည်။

ပထမပိုင်းတွင် အကြိတ်အနယ်ရှိခဲ့ပြီး အိမ်ရှင်အသင်းက ဒေါ့မွန်အသင်းကို ခြေရည်တူကစားနိုင်ခဲ့သည်။ ဂျိုး စကယ်လီ၏ ထိချက်တစ်ချက်တည်းဖြင့် ကန်သွင်းမှုမှာ ဂိုးပေါက်နှင့် အနည်းငယ်လွဲချော်သွားခဲ့ပြီး အပိုင်အနေအထားမှ ရော်ဘင် ဟက်ခ်၏ ခေါင်းတိုက်ချက်မှာလည်း ဂိုးဘားတန်းပေါ် မှ ကျော်သွားခဲ့သည်။

ဒုတိယပိုင်းပြန်စပြီး မကြာမီမှာပင် ဂိုးသမားနှစ်ဦးစလုံး လက်စွမ်းပြကာကွယ်ခဲ့ရပြီး ဂရီဂေါ် ကိုဘယ်လ်က ဟက်ခ်၏ ကန်ချက်ကို ကာကွယ်နိုင်ခဲ့သလို ဘတ်ဇ်ကလည်း ဘိုင်ယာ၏ ကန်ချက်ကို လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။

ပွဲချိန် ၅၆ မိနစ်တွင် ရှူတို မာချိနို၏ အားပါသည့် အဝေးကန်ချက်ကို ကိုဘယ်လ် ထပ်မံပုတ်ထုတ်ကာကွယ်ခဲ့ရပြန်သည်။

ထို့နောက် ဒေါ့မွန်က တဖြည်းဖြည်း ပိုမိုဖိအားပေးကစားလာနိုင်ခဲ့ပြီး ဖေဘီယို ဆေးလ်ဗား၏ ခေါင်းတိုက်ချက် ဂိုးဘားတန်းပေါ်မှ ကျော်သွားခဲ့သလို ထောင့်ကျဉ်းအနေအထားမှ ကွန်စတန်တီနိုစ် ကရက်ဆက်စ်၏ ကန်ချက်ကိုလည်း ဘတ်ဇ် ကာကွယ်နိုင်ခဲ့ပြီး လူစားဝင်ကစားသမား မာဆယ်လ် ဆာဘစ်ဇာ၏ ဖရီးကစ်ကန်ချက်မှာမူ ဂိုးတိုင်ဘေးမှထွက်သွားခဲ့သည်။

ပွဲချိန် မိနစ် ၈၀ တွင် ‌ဒေ့ါမွန်အသင်း အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး မာသစ်စ် အဲလ်ဘတ် ဖြတ်တင်ပေးမှုကို ဆာဘစ်ဇာက ဂိုးပေါက်ကို နောက်ကျောပေးထားသည့် အနေအထားမှ တစ်ချက်ထိန်း၍ အန်မီချာကို ပြန်ချပေးခဲ့ရာ အန်မီချာ၏ မြေလှိမ့်ဘောကန်ချက်ကို တစ်ပွဲလုံးလက်စွမ်းပြနေသည့် ဂိုးသမားဘတ်ဇ် မည်သို့မျှ မကာကွယ်နိုင်တော့ဘဲ ခွင့်ပြုခဲ့ရသည်။ ယင်းနောက် ဂလာဘတ်ချ်အသင်းက ‌ဒေ့ါမွန်အသင်းဂိုးသမား ကိုဘယ်လ်ကို ထပ်မံခြိမ်းခြောက်နိုင်ခြင်း မရှိတော့ဘဲ ဒေါ့မွန်က တစ်ဂိုးအသာရမှုကို ပွဲပြီးသည်အထိ ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

"နိုင်ငံတကာ ရက်သတ္တပတ် နားရက်အပြီးမှာ နိုင်ပွဲနဲ့ပြန်စနိုင်ဖို့က အမြဲတမ်း သိပ်ကိုအရေးကြီးပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ကစားကွက်အသာနဲ့ စိုးမိုးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း စွမ်းဆောင်ရည်အပေါ် အခြေခံပြီး ပြောရရင် သွင်းဂိုးက ကံတရားကြောင့် ရခဲ့တာဆိုပေမဲ့ ကျွန်တော်တို့ အနိုင်ရလဒ်နဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်" ဟု နည်းပြကိုဗက်က ပြောကြားခဲ့သည်။

ရှုံးပွဲမရှိသေးသည့် ဒေါ့မွန်အသင်းက ၁၀ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းထက် နှစ်မှတ်အသာရရှိထားကာ ဂလာဘတ်ချ်အသင်းကမူ ရမှတ်လေးမှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်နေဆဲဖြစ်သည်။

အခြားပွဲစဉ်များတွင် ဖရိုင်းဘတ်က တန်းတက် အယ်လ်ဗာစ်ဘတ်ကို အိမ်ကွင်းတွင် ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရမှတ် ၂၂ မှတ်ဖြင့် ဘိုင်ယန်မြူးနစ်နှင့် ရမှတ်တူနေသော်လည်း ဂိုးကွာခြားချက်ကြောင့် အဆင့်-၃ နေရာတွင်သာ ရှိနေသည်။ လိုက်ပ်ဇစ်က ယူနီယံဘာလင်ကို အဝေးကွင်းတွင် ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ရမှတ် ၂၁ မှတ်ဖြင့် စတုတ္ထနေရာ၌ အခိုင်အမာ ရပ်တည်နေသည်။ လေဗာကူဆင်ကလည်း ပါဒါဘွန်းကို အိမ်ကွင်းတွင် ၄-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ရမှတ် ၁၉ မှတ်ဖြင့် အဆင့်-၅ နေရာ၌ ရပ်တည်နေကာ ဖရန့်ဖွတ်က ဟော့ဖန်ဟိမ်းကို ၁-၀ ဂိုးဖြင့် ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပြီး အဆင့်-၇ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ ရှော်လ်ကေးအသင်းက စတုဂတ်အသင်းနှင့် ဂိုးမရှိသရေကျပြီးနောက် ယူနီယံ၏အထက် တန်းဆင်းဇုန် ပလေးအော့ဖ်နေရာသို့ ရောက်ရှိသွားခဲ့သည်။ (Xinhua)

ဂျာမနီနိုင်ငံ မွန်ချန်ဂလာဘတ်ချ်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က မွန်ချန်ဂလာဘတ်ချ်အသင်းနှင့် ဒေ့ါမွန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘွန်ဒက်စ်လီဂါ ပထမတန်း ဘောလုံးပွဲစဉ်၌ မွန်ချန်ဂလာဘတ်ချ်အသင်းမှ ရော်ဘင် ဟက်ခ် (အလယ်) နှင့် ဒေ့ါမွန်အသင်းမှ မက်ဆီမီလီယန် ဘိုင်ယာ (ယာ)၊ ရာမီ ဘန်ဆီဘိုင်နီတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

..................................

(English Version)

Nmecha sends Dortmund top of Bundesliga

BERLIN, Nov. 21 (Xinhua) -- Felix Nmecha struck ten minutes from time as Borussia Dortmund defeated bottom side Borussia Monchengladbach 1-0 away to reclaim the Bundesliga lead on Saturday.

Dortmund coach Niko Kovac made three changes following the victory over Elversberg, introducing Ramy Bensebaini, Julian Ryerson and Maximilian Beier, while striker Serhou Guirassy remained sidelined with a thigh injury.

Gladbach pressed high from the outset, with Philipp Sander firing narrowly wide before goalkeeper Daniel Batz tipped Nmecha's low drive around the post in the fifth minute.

The hosts matched Dortmund in a fiercely contested first half. Joe Scally narrowly missed the target with a first-time effort before Robin Hack headed over from a promising position.

Both goalkeepers were tested shortly after halftime, with Gregor Kobel denying Hack before Batz produced a fine save to thwart Beier.

Kobel intervened again in the 56th minute, diverting Shuto Machino's powerful long-range effort around the post.

Dortmund gradually increased the pressure as Fabio Silva headed over, Konstantinos Karetsas was denied by Batz from a tight angle and substitute Marcel Sabitzer sent a free kick wide.

The breakthrough came in the 80th minute when Sabitzer met Mathis Albert's cross with his back to goal and laid the ball off for Nmecha, whose low shot slipped past the otherwise impressive Batz.

Gladbach failed to threaten Kobel again as Dortmund protected their narrow advantage.

"After the international break, it is always very important to start with a win. In the second half, we took control and dominated the game. Based on our second-half performance, I think we deserved to win, although the goal itself was fortunate," said Kovac.

Unbeaten Dortmund leads the standings with 24 points from ten matches, two clear of defending champion Bayern Munich, while Gladbach remains bottom with four points.

Elsewhere, Freiburg moved level on 22 points with Bayern after a 1-0 victory at promoted Elversberg but remains third on goal difference. RB Leipzig thrashed Union Berlin 5-1 away to consolidate fourth place with 21 points. Bayer Leverkusen sits fifth with 19 points following a 4-0 home win over Paderborn, while Eintracht Frankfurt climbed to seventh after edging Hoffenheim 1-0. Schalke moved above Union into the relegation playoff spot following a goalless draw with Stuttgart.

Photo caption 1: Felix Nmecha of Borussia Dortmund celebrates scoring during the German first division Bundesliga football match between Borussia Monchengladbach and Borussia Dortmund in Moenchengladbach, Germany, Nov. 21, 2026. (Photo by Ulrich Hufnagel/Xinhua)

Photo caption 2: Robin Hack (C) of Borussia Moenchengladbach vies with Maximilian Beier (R) and Ramy Bensebaini of Borussia Dortmund during the German first division Bundesliga football match between Borussia Monchengladbach and Borussia Dortmund in Moenchengladbach, Germany, Nov. 21, 2026. (Photo by Ulrich Hufnagel/Xinhua)

မူရင်းသတင်း — Xinhua Myanmar