
တူရင်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် ရာသီပိတ် ATP Finals တင်းနစ်ပြိုင်ပွဲ၏ စိတ်လှုပ်ရှားဖွယ် ဆီမီးဖိုင်နယ်ပွဲစဉ်၌ ကားလို့စ် အယ်လ်ကာရက်ဇ်က တစ်ပွဲအရှုံးမှ ပြန်လိုက်ကစားကာ ဘန် ရှယ်လ်တန်ကို အနိုင်ရခဲ့သဖြင့် ဒန်နီလ် မက်ဗီဒက်ဗ်ကို နှစ်ပွဲပြတ်အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည့် ကမ္ဘာ့အဆင့်- ၁ အလက်ဇန်းဒါး ဇဲဗရက်ဗ်နှင့် ချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကမ္ဘာ့အဆင့်- ၃ အယ်လ်ကာရက်ဇ်က အမေရိကန် တင်းနစ်ကစားသမား ရှယ်လ်တန်ကို နှစ်နာရီကျော်ကြာ ယှဉ်ပြိုင်ကစားပြီးနောက် ၃-၆၊ ၆-၃၊ ၇-၆ (၁) ဖြင့် အနိုင်ယူကာ ၁၃ ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၎င်း၏ ပထမဆုံး ATP Finals ချန်ပီယံဆု ကိုင်မြှောက်နိုင်ရေး မျှော်လင့်ချက်များမှာလည်း အသက်ဝင်နေဆဲဖြစ်သည်။ (Xinhua)




..................................
(English Version)
Alcaraz, Zverev set up ATP Finals title showdown
TURIN, Nov. 21 (Xinhua) -- Carlos Alcaraz fought back from a set down to defeat Ben Shelton in a thrilling semifinal at the ATP Finals on Saturday, setting up a title clash with world No. 1 Alexander Zverev, who advanced with a straight-set victory over Daniil Medvedev.
Alcaraz, the world No. 3, overcame the American 3-6, 6-3, 7-6 (1) after more than two hours of play, extending his winning streak to 13 matches and keeping his hopes alive of claiming his first ATP Finals crown.
Photo caption 1: Carlos Alcaraz celebrates after winning the men's singles semifinal match between Carlos Alcaraz of Spain and Ben Shelton of the United States at the ATP Finals tennis tournament in Turin, Italy, Nov. 21, 2026. (Xinhua/Li Jing)
Photo caption 2: Carlos Alcaraz (top) celebrates a point during the men's singles semifinal match between Carlos Alcaraz of Spain and Ben Shelton of the United States at the ATP Finals tennis tournament in Turin, Italy, Nov. 21, 2026. (Xinhua/Li Jing)