မောင်အောင်
စာနယ်ဇင်းများနှင့် ဘကြီးအောင် စတင်ဆုံတွေ့ရသောအချိန်သည် ၁၉၆၅ - ၁၉၆၆ ခုနှစ်၊ ဘကြီး အောင်အသက် ၁၂ နှစ်/ ၁၃ နှစ်အရွယ်က ဖြစ်ပါသည်။ အဲဒီအချိန်က ဘကြီးအောင် ဆဋ္ဌမတန်း (၆ တန်း) တက်သည့်အချိန်ဖြစ်ပါသည်။ ထိုနှစ်က ဘကြီးအောင်တို့ ကျိုက်လတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူရည်ချွန်ဂုဏ်ပြုပွဲ ပြုလုပ်ပါသည်။ အဲဒီနှစ်က ဖျာပုံတစ်ခရိုင်လုံးတွင် ကျိုက်လတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ သတ္တမတန်း ကျောင်းသား မောင်သန်းထွန်းဝေ လူရည်ချွန်ဆုရရှိပါသည်။
အပြာရောင်အင်္ကျီ၊ နက်ပြာရောင် ဘောင်းဘီရှည်၊ ကင်းဘတ်ဖိနပ်အဖြူ၊ ဦးထုပ်အဖြူ ဆောင်းထားသည့် လူရည်ချွန်သန်းထွန်းဝေကို ဂုဏ်ပြုချီးမြှင့် စကားပြောပြီး ကျောင်းအုပ်ဆရာကြီးက ဂုဏ်ပြုဆုချီးမြှင့်သည့်အခါ ဘကြီးအောင်တို့ အထူးလေးစား အားကျဂုဏ်ယူမိပါသည်။ သတ္တမတန်းရောက်လျှင် လူရည်ချွန်ဆုရရှိအောင် ကြိုးစားမည်ဟု ဘကြီးအောင် သန္နိဋ္ဌာန်ချမှတ်ခဲ့မိပါသည်။
မမီသည့်ပန်းကို တုံးခု၍ လှမ်းလိုခြင်းမဟုတ်ပါ။ ကျောင်းစတက်သည့်နေ့ကတည်းက မိဘဆရာ သမားများ၏ ကြပ်မတ်မှုကြောင့် ဘကြီးအောင် စာကြိုးစားခဲ့ပါသည်။ အတန်းတိုင်းတွင် ပထမဆုက ဘကြီးအောင်အတွက် အမြဲဖြစ်ခဲ့ပါသည်။ ၁၉၆၂-၁၉၆၃ စာသင်နှစ်တွင် စကောလားရှစ် (Scholar- ship) စာမေးပွဲဖြေဆိုရပါသည်။ ဘကြီးအောင်တို့ ခေတ်တုန်းက ၄ တန်း၊ ၇ တန်း Scholarship (ပညာထူးချွန်ဆု) ပေးပါသည်။
Scholarship ရရှိသူသည် တစ်လလျှင် ၂၅ ကျပ် ခန့် ပညာသင်ထောက်ပံ့ကြေးရပါသည်။ ထိုအချိန်က ၉ တန်းကို High School Final (တန်းမြင့်ကျောင်းထွက်)ဟုခေါ်ပြီး ၄ တန်း၊ ၇ တန်း၊ ၉ တန်း အစိုးရစစ် ဖြစ်ပါသည်။ အစိုးရစစ်ဆိုသည်မှာ တစ်နိုင်ငံလုံး ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်မေးခွန်းဖြင့် ဖြေရခြင်းဖြစ်ပါသည်။ ဒသမတန်းသည်လည်း အစိုးရစစ်ဖြစ်ပါသည်။ အစိုးရစစ် ၉ တန်းအောင်လျှင် မူလတန်းပြဆရာ၊ လက်ထောက်မြို့ပိုင်အလုပ်များ လျှောက်ထား၍ ရပါသည်။
သို့သော်လည်း ဘကြီးအောင် ပညာရေးဝန်ကြီး ဌာန၏ ပညာရေးစနစ်အပြောင်းအလဲများနှင့် ဆက်တိုက်ကြုံရပါသည်။ ၁၉၆၂ - ၁၉၆၃ ဘကြီးအောင် စတုတ္ထတန်းစာမေးပွဲဖြေဆိုသောအခါ အစိုးရ စစ်စာမေးပွဲမဟုတ်တော့ဘဲ ကျောင်းစစ်သာဖြေဆိုရပါသည်။ အလားတူ ၁၉၆၅-၁၉၆၆ စာသင်နှစ် ဘကြီးအောင် သတ္တမတန်းရောက်သည့်အခါ အစိုးရစစ် စာမေးပွဲမဖြေဆိုရတော့ဘဲ ကျောင်းစစ်သာ ဖြေဆိုရပါသည်။
အလားတူပင် ၁၉၆၆ -၁၉၆၇ ခုနှစ် ဘကြီးအောင် အဋ္ဌမတန်းကို ကျောင်းစစ်ဖြေဆိုပြီးနောက် နောက်နှစ်မှစ၍ အဋ္ဌမတန်းမှာ အစိုးရစစ်ဖြစ်ခဲ့ပါသည်။ အလားတူပင် အစိုးရစစ်ဖြစ်ခဲ့သော နဝမတန်းသည် ဘကြီးအောင်တို့တက်ရောက်သည့် ၁၉၆၇- ၁၉၆၈ ခုနှစ်တွင် အစိုးရစစ်မှ ကျောင်းစစ်ဖြစ်ခဲ့ပါသည်။ သို့ဖြစ်၍ ဘကြီးအောင်၏ ပညာသင်သက်တမ်း တစ်လျှောက် ကျောင်းစစ်များဖြစ်ခဲ့သည်။ စတုတ္ထတန်း၊ သတ္တမတန်း၊ နဝမတန်းများကို ဘကြီးအောင် တို့မဖြေဆိုရဘဲ ဒသမတန်း (၁၀) တန်းရောက်မှ ဘကြီးအောင်တို့ အစိုးရစစ်နှင့် ဆုံတွေ့ရပါသည်။ ဘကြီးအောင်တို့ မိသားစုတွင် ဘကြီးအောင်ထက် ၃ တန်းကြီးခဲ့သည့် အစ်မကြီးသည် အစိုးရစစ်များတွင် တစ်တန်းလျှင် နှစ်ကြိမ်စီဖြေရသဖြင့် အခြေခံပညာအထက်တန်း (၁၀ တန်း) စာမေးပွဲကို ဘကြီးအောင်နှင့်မှ အတူအောင်မြင်ပါသည်။
ဘကြီးအောင်တင်ပြလိုသည်မှာ လူရည်ချွန်နှင့် စာနယ်ဇင်းများအကြောင်းဖြစ်ပါသည်။ လူရည်ချွန် ဆိုသည်မှာ ကျောင်းသား ကျောင်းသူများထဲမှ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် ထူးချွန်သော ကျောင်းသား ကျောင်းသူများကို ရွေးချယ်၍ ထူးချွန်ဆုချီးမြှင့်ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ လူရည်ချွန်သည် စာတော်ရုံသက်သက်ဖြင့်မရပါ။ ကာယအနေဖြင့် မီတာ ၁၀၀ အသွား၊ အပြန် ပြေးရပါသည်။ လက်ထောက်မှောက်၊ ဘားတန်းဆွဲ၊ ဗိုက်သားလေ့ကျင့်ခန်း တစ်မိနစ်လျှင် အကြိမ် ၂၀ အနည်းဆုံးလုပ်နိုင်ရပါသည်။ အထွေထွေဗဟုသုတ ဖြေရပါသည်။
သို့ဖြစ်၍ ကိုသန်းထွန်းဝေ လူရည်ချွန်ဂုဏ်ပြုပွဲပြုလုပ်ပြီးနောက် ဘကြီးအောင်တို့ လူရည်ချွန်ပိုး စတင်စွဲခဲ့ကြပါသည်။ လူရည်ချွန်ရရှိရေး မျှော်မှန်းခဲ့ကြပြီး လိုအပ်သည့်ကြိုးစားမှု၊ ဖြည့်ဆည်းမှု ပြုလုပ်ကြရပါသည်။ ထို့ပြင် ဗဟုသုတနှင့်ပတ်သက်၍ စာနယ်ဇင်းကိစ္စပါလာပါသည်။ “စာနယ်ဇင်း” ဆိုသည်မှာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းကို အတိုကောက်ခေါ်ခြင်းဖြစ်ပါသည်။ ဘကြီးအောင်တို့ ကျိုက်လတ်မြို့ဈေးထဲတွင် ဦးအေးမောင် စာနယ်ဇင်းရှိပါသည်။ ဘကြီးအောင်အလယ်တန်းကျောင်းသား ဘဝက အိမ်မှ တစ်နေ့လျှင် မုန့်ဖိုး ၁၀ ပြားသာ ပေးပါသည်။
ဘကြီးအောင်က နေ့တိုင်းမယူဘဲ တစ်လစာ သုံးကျပ်ယူပါသည်။ ထိုအချိန်က သတင်းစာ တစ်စောင်လပေး ၇ ကျပ် ပြား ၅၀၊ ဒို့ကျောင်းသား စာစောင် ၂၅ ပြား၊ တေဇရုပ်စုံ ပြား ၅၀၊ ရှေ့ဆောင် လူငယ် ပြား ၆၀၊ မြဝတီ၊ ငွေတာရီ၊ သွေးသောက် မဂ္ဂဇင်းများ တစ်အုပ်နှစ်ကျပ် ဖြစ်ပါသည်။ လူရည် ချွန်စာမေးပွဲတွင် ဗဟုသုတမေးခွန်းများဖြေဆိုနိုင်ရန် ဒို့ကျောင်းသား၊ ရှေ့ဆောင်လူငယ်စာစောင်များ ဘကြီးအောင်မုန့်ဖိုးထဲမှ ဝယ်ပါသည်။ သတင်းစာကိုတော့ အိမ်မှယူပေးပါသည်။ ထိုသို့ဖြင့် ဘကြီး အောင်တို့ အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝ လွန်ခဲ့သည့်နှစ် ၆၀ ခန့်က ဖြတ်သန်းခဲ့ရသည်ကို ပြန်လည်စဉ်းစားမိသည့်အခါ လွမ်းမောစရာပါ။ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများက စာဖတ်သူ ကျောင်းသားများအတွက် အဖော်မွန်ကောင်းများပါ။
ဘကြီးအောင် အလယ်တန်းကျောင်းသားဘဝမှစ၍ ကျောင်းစာသာမက အပြင်စာများ ဖတ်ရှု လေ့လာခဲ့ပါသည်။ အထူးသဖြင့် ဘကြီးအောင်၏ မြန်မာစာဆရာများကြောင့်ဖြစ်ပါသည်။ ဘကြီး အောင်တို့ ပဉ္စမတန်းတွင် မြန်မာစာဘာသာရပ်၌ ဦးနုရေးသည့် အာဇာနည်စာအုပ် သင်ကြားရပါသည်။ မြန်မာစာဆရာမှာ ဦးလှကျော်ဖြစ်ပါသည်။ ဆရာ က စာကိုကျက်ဖို့မဟုတ်ဘဲ စိတ်ဝင်စားဖို့၊ ရေးတတ်၊ တွေးတတ်ဖို့ သင်ကြားပေးပါသည်။ ဆဋ္ဌမတန်း မြန်မာစာပြဋ္ဌာန်းစာအုပ်တွင် မင်းဘူးဆရာတော် ဦးဩဘာသ၏ မဟော်သဓာဇာတ်တော်ကြီး၊ သတ္တမတန်းတွင် ဆရာတော်၏ ဝေဿန္တရာဇာတ် တော်ကြီးများကို သင်ကြားရပါသည်။ မြန်မာစာ ဆရာက ဦးစိန်လှိုင်ဖြစ်ပါသည်။ ပြဋ္ဌာန်းစာအုပ်ကို သဘောမျှသာ သင်ကြားပြီး မြန်မာစာနှင့်ပတ်သက်၍ နှစ်သက်ဖွယ်ရာအကြောင်းအရာများ ဆွေးနွေးပြောကြားသည်က အဓိကဖြစ်ပါသည်။ ပြဋ္ဌာန်း စာအုပ်ပါ အချက်အချို့အား မေးခွန်းများမေး၍ ဖြေကြားစေပါသည်။
ဘကြီးအောင် အဋ္ဌမတန်းနှင့် နဝမတန်းတွင် မြန်မာကဗျာလက်ရွေးစင်နှင့် မြန်မာစကားပြေ လက်ရွေးစင်စာအုပ်များ သင်ကြားရပါသည်။ ကဗျာများကို တစ်ပုဒ်ချင်း အလွတ်ကျက်ရသည်မျိုးမရှိဘဲ ဝေဖန်ခြင်း၊ ဆင်တူယိုးမှား စပ်ဆိုခြင်းများ၊ ကဗျာရေး နည်းများ သင်ကြားရသကဲ့သို့ စကားပြေနှင့် ပတ်သက်၍လည်း ပြဋ္ဌာန်းစာအုပ်ပါအကြောင်း အရာများအား ဖတ်ပြဆွေးနွေးခြင်း၊ မေးခွန်းများ ဖြေကြားစေခြင်းတို့ဖြင့် မြန်မာစာသင်နည်းကို စိတ်ဝင်စားဖွယ် သင်ကြားပေးခြင်းဖြင့် ဘကြီးအောင်တို့ မြန်မာစာကို စိတ်ဝင်စားခဲ့ကြပါသည်။
ဒသမတန်း (အခြေခံပညာအထက်တန်း)တွင် မြန်မာစာကို ဆရာကြီးဦးချစ်ဆွေ သင်ကြားပါသည်။ ဆရာကြီးကလည်း မြန်မာစာနှင့်ပတ်သက်၍ သူ့အမြင်များ၊ ဝေဖန်ချက်များ၊ ဆွေးနွေးချက်များနှင့် ဘကြီးအောင်တို့ ကျောင်းသားများနှင့် အမြင်ချင်း ဖလှယ်ခဲ့ပါသည်။ အထူးသဖြင့် စာစီစာကုံးခေါင်းစဉ်များတွင် သမားရိုးကျခေါင်းစဉ်မျိုးမဟုတ်ဘဲ အတွေးသစ်၊ အမြင်သစ်များ ရရှိစေခြင်းဖြင့် ဘကြီး အောင်တို့ကို မြန်မာစာအပေါ် စိတ်ဝင်စားအောင် ဖန်တီးပေးခဲ့ပါသည်။
ထိုဆရာများ၏ ပြုစုပျိုးထောင်မှုကြောင့် ဘကြီးအောင် မြန်မာစာကိုချစ်ခဲ့ပါသည်။ စာနယ် ဇင်းများကို မြတ်နိုးခဲ့ပါသည်။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ကို ဘကြီးအောင်တန်ဖိုးထားမိခဲ့ပါသည်။ ထိုဆရာများ၏ ကျေးဇူးသစ္စာကို အောက်မေ့သတိရရင်း မြန်မာစာကို မြတ်နိုးလေးစားစွာဖြင့် လေ့လာရေးသားခဲ့သဖြင့် ၁၉၇၃ ခုနှစ်တွင် လကွယ်ည၏ အလင်းရောင်စာမူဖြင့် ဘကြီးအောင် စာပေ ဗိမာန်စာမူဆု စာပဒေသာဆု(တတိယ) ရရှိခဲ့ပါသည်။ ထိုအချိန်က ဘကြီးအောင် အသက် (၂ဝ) တက္ကသိုလ်တတိယနှစ်တွင် ပညာသင်ကြားနေချိန်ဖြစ်ပါသည်။
ဘကြီးအောင် ဝါသနာအလျောက်စာပေကို လေ့လာရင်း ဝတ္ထုဆောင်းပါးများ ဆက်လက် ရေးသားခဲ့ရာ ၂ဝ၁၇ ခုနှစ်တွင် စာပေဗိမာန်စာမူဆု သုတပဒေသာ(သိပ္ပံနှင့် အသုံးချသိပ္ပံ) ဒုတိယဆုကို “လူသားအကျိုးပြုလား” စာမူဖြင့်လည်းကောင်း၊ ၂ဝ၁၈ ခုနှစ်တွင် စာပေဗိမာန်စာမူဆု သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ) တတိယဆုကို “ကျေးလက် စီးပွားတိုးတက်ရေး ကျွဲ၊ နွား၊ ကြက်၊ ဝက်တိုးချဲ့မွေး” စာမူဖြင့်လည်းကောင်း၊ ၂ဝ၁၉ ခုနှစ် စာပေဗိမာန် စာမူဆုသုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံ) ဒုတိယဆုကို “နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နည်းများ” စာမူဖြင့် ဘကြီးအောင် ရရှိခဲ့ပါသည်။
ဤကဲ့သို့ ဘကြီးအောင် စာပေဝါသနာပါခြင်း၊ ဖတ်ရှုခြင်း၊ ရေးသားခြင်းနှင့် စာပေဆုများ ရရှိခြင်း သည် ဘကြီးအောင်၏ အဖေဖြစ်သူက လူရည်ချွန် စာမေးပွဲများဖြေဆိုနေသူ ဘကြီးအောင်ကို အိမ်တွင် သတင်းစာလပေးယူခြင်းဖြင့် ပံ့ပိုးပေးခဲ့သလို တက္ကသိုလ်စိန်တင်ရေးသားခဲ့သည့် ငြိမ်းချမ်း ရေးဗိသုကာ ဦးသန့်စာအုပ် ဝယ်ပေးချီးမြှင့်ခြင်းဖြင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခဲ့ပါသည်။
ဧရာဝတီတိုင်းသား၊ ပန်းတနော်သား ဦးသန့်သည် ရိုးသားစွာကြိုးစားခဲ့သဖြင့် ကုလသမဂ္ဂဌာန ချုပ်တွင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီး အမိမြန်မာပြည်၏ ဂုဏ်သိက္ခာကို မြင့်တက်စေခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးကျိုက်လတ်မြို့နယ်ဒေသသား ဘကြီးအောင်လည်း စွမ်းသလောက်ဆက်လက်ကြိုးပမ်းရင်း အဖေ့ကျေးဇူးတရားများကို “ရင်ထဲကအဖေနှင့်ပတ်သက်သည့် စာစုများ” အဖြစ် မှတ်တမ်းတင်ခဲ့ရာ ၂ဝ၂ဝ ပြည့်နှစ်တွင် ပခုက္ကူဦးအုံးဖေကျမ်းစာပေ ဒုတိယ ဆုရရှိခဲ့ပါသည်။
သို့ဖြစ်ပါ၍ ဘကြီးအောင်၏ ဘဝတွင် စာပေသည်သာအားထားရာ။ စာပေသည်သာ လမ်းပြ ကြယ်ပမာ၊ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းစေနိုင်သည့် မီးရှူးတန်ဆောင်အလင်းရောင်ဖြစ် သဖြင့် ဘကြီးအောင်က “မြတ်နိုးဖွယ်ရာ စာအုပ်စာပေပါ” ဟု မှတ်တမ်းပြုလိုပါကြောင်း။ ။