Yo Yar Lay

လကမ္ဘာပေါ်မှာ ရေ(သို့) အောက်ဆီဂျင်ထုတ်လုပ်နိုင်မယ့်နည်းလမ်း စမ်းသပ်ဖို့ တရုတ်နိုင်ငံ ရည်ရွယ်လုပ်ဆောင်နေ

တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်အရောက်မှာ လကမ္ဘာပေါ်ကနေ ရေ ဒါမှမဟုတ် အောက်ဆီဂျင် ထုတ်ယူနိုင်မယ့် နည်းပညာကို လက်တွေ့စမ်းသပ်ပြသဖို့ ရည်ရွယ်လျက်ရှိပါတယ်။

လိုအပ်သမျှ အရာအားလုံးကို ကမ္ဘာမြေကနေ သယ်သွားမယ့်အစား လကမ္ဘာပေါ်မှာ ရှိနေတဲ့အရာတွေကို ထုတ်ယူအသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာပါ။

လကမ္ဘာရဲ့ ဝင်ရိုးစွန်းအနီး နေရောင်လုံးဝမရဘဲ အမြဲမှောင်နေတဲ့ နေရာတွေမှာ ရေခဲတွေ ရှိနေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။ အဲဒီရေခဲတွေကို ထုတ်ယူနိုင်မယ်ဆိုရင် အာကာသယာဉ်မှူးတွေအတွက် သောက်သုံးရေနဲ့ အသက်ရှူဖို့ အောက်ဆီဂျင်တွေ ရရှိလာမှာပါ။

ဒါ့အပြင် ရေကို ဒုံးပျံလောင်စာဆီ ထုတ်လုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ရေကို ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်အဖြစ် ခွဲထုတ်လိုက်ရင် ဒုံးပျံအင်ဂျင်တွေမှာ သုံးတဲ့ ဓာတ်ငွေ့နှစ်မျိုးကို ဖန်တီးနိုင်မှာပါ။

တရုတ်နိုင်ငံဟာ လကမ္ဘာရဲ့ မြေဆီလွှာထဲကနေလည်း အောက်ဆီဂျင်ကို တိုက်ရိုက်ထုတ်ယူနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားဖို့ ရှိနေပါတယ်။

ဒီစီမံကိန်းရဲ့ နောက်ထပ်အဆင့်အရ ၂၀၄၀ ပြည့်နှစ်ကျရင် လကမ္ဘာပေါ်မှာ ရေ၊ အောက်ဆီဂျင်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ထုတ်လုပ်ပေးမယ့် အသေးစားစက်ရုံတစ်ခု တည်ဆောက်ဖို့ မျှော်မှန်းထားပြီး ၂၀၅၀ ပြည့်နှစ်မှာတော့ အကြီးစားထုတ်လုပ်နိုင်တဲ့ အဆင့်အထိ တိုးချဲ့သွားဖို့ သုတေသီတွေက ရည်ရွယ်ထားပါတယ်။

Ref: China wants to demonstrate technology for extracting water or oxygen from the Moon by 2030

NZ (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay