
ကျိုချွမ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၂၄ လူလိုက်ပါ အာကာသယာဉ်အား တင်ဆောင်ထားသည့် Long March-2F Y24 သယ်ဆောင်ရေးဒုံးပျံကို နိုဝင်ဘာ ၂၅ ရက် နံနက် ၈ နာရီ ၁၈ မိနစ်တွင် တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ လွှတ်တင်ခဲ့သည်။ ၁၀ မိနစ်ခန့်အကြာတွင် အာကာသယာဉ်နှင့် ဒုံးပျံ အောင်မြင်စွာခွဲထွက်ပြီး သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ အာကာယာဉ်မှူးအဖွဲ့ အခြေအနေကောင်းမွန်သဖြင့် လွှတ်တင်မှုမစ်ရှင် အပြည့်အဝအောင်မြင်မှု ရရှိခဲ့သည်။
အာကာသယာဉ်သည် လမ်းကြောင်းအတွင်း ဝင်ရောက်သွားပြီးနောက် သတ်မှတ်ထားသော လုပ်ငန်းစဉ်အရ အာကာသစခန်းအုပ်စုနှင့် အလိုအလျောက် မြန်ဆန်စွာ ချိတ်ဆက်သွားမည်ဖြစ်ကြောင်း၊ ရှန်ကျိုး-၂၄ အာကာသယာဉ်မှူးအဖွဲ့သည် တရုတ်အာကာသစခန်းတွင် အခြေစိုက်နေထိုင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ (CMSA) ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။
မစ်ရှင်ထမ်းဆောင်သည့်ကာလအတွင်း အာကာသအတွင်း သက်ရှိနှင့် လူ့ခန္ဓာကိုယ် သုတေသနပြုလုပ်မှု၊ microgravity fluid physics ၊ အာကာသနည်းပညာအသစ် စသည့်ကဏ္ဍများတွင် စမ်းသပ်မှုနှင့် လက်တွေ့အသုံးပြုမှု မစ်ရှင်များ လုပ်ဆောင်သွားမည်ဖြစ်ရာ ၎င်းအနက် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်သော သိပ္ပံစမ်းသပ်ချက်စီမံကိန်းများစွာ ပါဝင်ကြောင်း သိရသည်။
ယခုအကြိမ်မစ်ရှင်သည် လူလိုက်ပါအာကာသလုပ်ငန်းစဉ်က အာကာသစခန်း လက်တွေ့အသုံးချမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဆင့် ဝင်ရောက်ပြီးနောက် ၈ ကြိမ်မြောက် လူလိုက်ပါပျံသန်းသည့် မစ်ရှင်ဖြစ်ကာ လုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်ပြီးနောက် ၄၁ ကြိမ်မြောက် လွှတ်တင်မှုမစ်ရှင်လည်း ဖြစ်သလို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသား အာကာသယာဉ်မှူး ပါဝင်သည့် လူလိုက်ပါမစ်ရှင်လည်း ဖြစ်သည်။ လက်ရှိအထိ တရုတ်အာကာသယာဉ်မှူး ၃၁ ဦး၊ နိုင်ငံခြားသား အာကာသယာဉ်မှူး ၁ ဦး တို့သည် အာကာသအတွင်းသို့ စုစုပေါင်း အကြိမ်ရေ ၅၀ ဝင်ရောက်ကာ ပျံသန်းမှုမစ်ရှင် ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။
ယခုအကြိမ်မစ်ရှင်သည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၆၈၀ ကြိမ်မြောက် ပျံသန်းမှုနှင့် ရှန်ကျိုး အာကာသယာဉ်၏ ၂၄ ကြိမ်မြောက် ပျံသန်းမှုဖြစ်သည်။
လက်ရှိတွင် အာကာသစခန်းအစုအဖွဲ့သည် ချိတ်ဆက်မှုလမ်းကြောင်းအတွင်း ဝင်ရောက်သွားပြီဖြစ်ရာ လုပ်ငန်းလုပ်ဆောင်မှု အခြေအနေကောင်းမွန်ပြီး ရှန်ကျိုး-၂၄ လူလိုက်ပါအာကာသယာဉ်နှင့် ချိတ်ဆက်ခြင်း၊ အာကာသယာဉ်မှူးများ အခြေစိုက်နေထိုင်ရန် အခြေအနေနှင့် ကိုက်ညီသည်ဟု သိရသည်။ (Xinhua)


---------------------
(Chinese Version)
神舟二十四号|神舟二十四号载人飞船发射取得圆满成功
新华社酒泉11月25日电(记者李国利、刘艺、黄一宸)11月25日08时18分,搭载神舟二十四号载人飞船的长征二号F遥二十四运载火箭在酒泉卫星发射中心点火发射。约10分钟后,飞船与火箭成功分离,进入预定轨道,航天员乘组状态良好,发射取得圆满成功。
据中国载人航天工程办公室介绍,飞船入轨后,将按照预定程序与空间站组合体进行自主快速交会对接,神舟二十四号航天员乘组将进驻中国空间站。任务期间,将在空间生命与人体研究、微重力物理科学、空间新技术等领域实施多项实(试)验与应用任务,包括多项中外合作科学实验项目。
这次任务是中国载人航天工程进入空间站应用与发展阶段的第8次载人飞行任务,是工程立项实施以来的第41次发射任务,也是第一次有外籍航天员参与的载人飞行任务。截至目前,已有31名中国航天员、1名外籍航天员,共50人次进入太空执行飞行任务。
此次任务也是长征系列运载火箭第680次飞行、神舟飞船第24次飞行。
目前,空间站组合体已进入对接轨道,工作状态良好,满足与神舟二十四号载人飞船交会对接和航天员进驻条件。(完)
图说:11月25日,搭载神舟二十四号载人飞船的长征二号F遥二十四运载火箭在酒泉卫星发射中心点火发射。神舟二十四号载人飞船与火箭成功分离,进入预定轨道,发射取得圆满成功。 新华社发(汪江波 摄)