
သန့်ဇင်(NP News)-နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အနီးတွင် ရစ်ချ်တာစကေး (၃ ဒသမ ၆) အဆင့်ရှိ ငလျင်တစ်ခု ယနေ့( နိုဝင်ဘာ ၂၅ ရက်) နံနက်ပိုင်းက လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ငလျင်သည် ယနေ့(နိုဝင်ဘာ ၂၅ ရက်) နံနက် ၁၀ နာရီ ၃ မိနစ်၊ ၄၈ စက္ကန့်က မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၀) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း အမရပူရမြို့နယ်၏ အနောက်ဘက် (၃) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၁.၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၂) ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ငလျင်သည် ရစ်ချ်တာစကေး ( ၃ ဒသမ ၆ ) အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်ပြီး မန္တလေးမြို့ခံများ သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
“ငလျင်လှုပ်သွားတယ်။ သိသိသာသာပါပဲ။ ကျွန်တော်လည်း ဘာလည်းဆိုပြီး အိမ်အပြင်ထွက်တော့ လမ်းထဲက လူတွေလည်းထွက် လာတာလေ”ဟု မန္တလေးမြို့ခံတစ်ဦးက NP News သို့ပြောသည်။