
ကျီလျင်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျီလျင်ပြည်နယ်ရှိ ဟုန်ရှီ ရေကန်တွင် ဆောင်းရာသီ၏ ပထမဆုံးသော ရေခဲနှင်းပွင့်အလှမြင်ကွင်း ဖြစ်ပေါ်လာခဲ့သည်။ ကြည်လင်သော ရေပြင်ထက်မှ နံနက်ခင်း မြူခိုးများ လွင့်ပျံတက်နေပြီး ကမ်းစပ်တစ်လျှောက်တွင်လည်း နှင်းခဲများ ဖုံးလွှမ်းနေသည့် သစ်ပင်များ စီတန်းလျက်ရှိရာ အဆိုပါမြင်ကွင်းသည် တရုတ်ရိုးရာ မင်ဆေးရေးပန်းချီကားတစ်ချပ်အလား လှပသည့် ရှုမြင်ကွင်းကို ဖန်တီးပေးလျက်ရှိသည်။ (Xinhua)
……………………………………..
(English Version)
Cold snap brings first rime spectacle to Hongshi Lake in China's Jilin
Winter's first rime spectacle has arrived at Hongshi Lake in China's Jilin Province. Morning mist rises from the clear waters, while frost-laden trees line the shores, creating a scene straight out of a traditional Chinese ink-wash painting.