
Pika (NP News) - နိုဝင်ဘာ ၂၅
တရုတ်နိုင်ငံက လူလိုက်ပါလာတဲ့ အာကာသယာဉ်Shenzhou-24 ကို နိုဝင်ဘာလ(၂၅)ရက်မှာ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီမစ်ရှင်ဟာ တရုတ်နိုင်ငံရဲ့လူလိုက်ပါလာတဲ့ ာကာသယာဉ်အစီအစဉ်မှာ တရုတ်နဲ့နိုင်ငံခြားသားအာကာသယာဉ်မှူးတွေ ပူးတွဲပါဝင်တဲ့ပထမဆုံးသမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်လာတယ်လို့လည်း သိရပါတယ်။
Long March-2F ဒုံးပျံပေါ်မှာ တင်ဆောင်ထားတဲ့ လူလိုက်ပါလာတဲ့ အာကာသယာဉ်Shenzhou-24ဟာ နိုဝင်ဘာလ(၂၅)ရက်အစောပိုင်းမှာ လွှတ်တင်ရေးစခန်းကနေ ထွက်ခွာသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
လွှတ်တင်ပြီးနောက်အချိန်(၁၀)မိနစ်အကြာမှာ အာကာသယာဉ်က ဒုံးပျံကနေ ခွဲထွက်သွားခဲ့ပြီး Tiangong အာကာသစခန်းနဲ့ချိတ်ဆက်ဖို့အတွက် ပြင်ဆင်မှုတွေလုပ်ဆောင်ရင်း သတ်မှတ်ထားတဲ့ပတ်လမ်းကြောင်းအတွင်းကိုဝင်ရောက်သွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။
မစ်ရှင်မှာပါဝင်တဲ့ အာကာသယာဉ်မှူးတွေက ခေါင်းဆောင် Tang Hongbo၊ လေယာဉ်အင်ဂျင်နီယာ Wu Yi နဲ့ ပါကစ္စတန်နိုင်ငံရဲ့ဝန်ဆောင်မှုဆိုင်ရာအထူးကျွမ်းကျင်သူ Muhammad Zeeshan Aliတို့ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အခုတစ်ကြိမ်လွှတ်တင်မှုကလည်း အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်တယ်လို့ လွှတ်တင်ရေးစခန်းရဲ့တာဝန်ရှိသူ လီဘန်ကွီက ပြောကြားခဲ့ပါတယ်။
လီဘန်ကွီက "စောင့်ကြည့်လေ့လာမှုတွေအရ Long March-2F Y24 ဒုံးပျံဟာ လူလိုက်ပါသွားတဲ့အာကာသယာဉ် Shenzhou-24 ကို သတ်မှတ်ထားတဲ့ပတ်လမ်းကြောင်းအတွင်းကို အောင်မြင်စွာပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီမစ်ရှင်က အောင်မြင်စွာနဲ့ပြီးဆုံးသွားပြီဆိုတာကိုလည်း ကျွန်တော်ကြေညာလိုပါတယ်” လို့ ပြောခဲ့ပါတယ်။
