
ကျိုချွမ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၂၄ လူလိုက်ပါ အာကာသယာဉ်သည် အာကာသစခန်း ပူးတွဲအပိုင်းနှင့် နိုဝင်ဘာ ၂၅ ရက်တွင် အလိုအလျောက်စနစ်ဖြင့် လျင်မြန်စွာ ချဉ်းကပ်ချိတ်ဆက်မှု ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ရှန်ကျိုး-၂၄ လူလိုက်ပါ အာကာသယာဉ်သည် ဂြိုဟ်ပတ်လမ်းအတွင်းသို့ ရောက်ရှိပြီးနောက် ထိုနေ့ ၁၁ နာရီ ၅၆ မိနစ်တွင် အာကာသစခန်း၏ ပင်မမော်ဂျူးဖြစ်သည့် ထျန်းဟယ်၏ အရှေ့ဘက်အပေါက်ဝတွင် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ပြီး ချိတ်ဆက်မှုလုပ်ငန်းစဉ်တစ်ခုလုံးမှာ ခန့်မှန်းခြေ ၃.၅ နာရီ ကြာမြင့်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသယာဉ် အေဂျင်စီ (CMSA) ရုံးခန်း၏ မိတ်ဖက်ပြောကြားချက်အရ သိရသည်။
မစ်ရှင်အစီအစဉ်အရ အာကာသယာဉ်မှူး ၃ ဦးသည် ယင်းနောက် ရှန်ကျိုး-၂၄ လူလိုက်ပါ အာကာသယာဉ်မှ အာကာသစခန်း၏ ထျန်းဟယ် ပင်မမော်ဂျူးအတွင်းသို့ ဝင်ရောက်မည် ဖြစ်သည်။ ရှန်ကျိုး-၂၃ အာကာသယာဉ်မှူးအဖွဲ့သည် ရှန်ကျိုး-၂၄ အာကာသယာဉ်မှူးအဖွဲ့ ဝင်ရောက်လာမှုကို ကြိုဆိုရန် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများအားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်ထားပြီး ဖြစ်သည်။ (Xinhua)
………………………..
(Chinese Version)
神舟二十四号|神舟二十四号载人飞船与空间站组合体完成自主快速交会对接
新华社酒泉11月25日电(记者李国利、黄一宸)神舟二十四号载人飞船与空间站组合体,25日完成自主快速交会对接。
据中国载人航天工程办公室介绍,神舟二十四号载人飞船入轨后,于当日11时56分,成功对接于空间站天和核心舱前向端口,整个对接过程历时约3.5小时。
按任务计划,3名航天员随后将从神舟二十四号载人飞船进入空间站天和核心舱。神舟二十三号航天员乘组已做好迎接神舟二十四号航天员乘组进驻各项准备工作。(完)
图说:这是11月25日在北京航天飞行控制中心飞控大厅拍摄的交会对接实时画面。新华社记者 金立旺 摄





