
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
စတုတ္ထအကြိမ် ကမ္ဘာ့ဒြပ်ပစ္စည်းကွန်ဖရင့်ကို တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်၍ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထွန်းသစ်စနှင့် နောက်ဆုံးပေါ်အဆင့်မြင့် ကဏ္ဍ ၄၅ ခုအကြောင်း ဆွေးနွေးကြမည်ဟု ၎င်းကွန်ဖရင့်အား စီစဉ်သူများက နိုဝင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။
ဒြပ်ပစ္စည်းသိပ္ပံနယ်ပယ်ရှိ အခြေခံသုတေသနလုပ်ငန်းများနှင့် နည်းပညာအသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်သည့် နည်းပညာရပ်များတွင် ရရှိထားသော ယခုနောက်ဆုံးပေါ် တိုးတက်မှုများနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များနှင့် စက်မှုလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အမြင်ချင်းဖလှယ်နိုင်မည့် စင်မြင့်တစ်ခုကို အဆိုပါကွန်ဖရင့်က ဖန်တီးပေးမည်ဖြစ်ပြီး ဒြပ်ပစ္စည်းသိပ္ပံနှင့် နည်းပညာ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း လေ့လာဆွေးနွေးသွားမည်ဖြစ်ကြောင်း စီစဉ်သူများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် စွမ်းအင်ဆိုင်ရာ ပစ္စည်းများ၊ အဆင့်မြင့် သတင်းအချက်အလက်ဆိုင်ရာ ပစ္စည်းများ၊ အဆင့်မြင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ဒြပ်ပစ္စည်းများ၊ အဆင့်မြင့် လုပ်ဆောင်ချက်ဆိုင်ရာ ဒြပ်ပစ္စည်းများ၊ ဇီဝဒြပ်ပစ္စည်းများ၊ တွက်ချက်မှုဆိုင်ရာ ဒြပ်ပစ္စည်း၊ အထူးခေါင်းစဉ်များနှင့် လူငယ်သိပ္ပံပညာရှင်များ ထိပ်သီးအစည်းအဝေး ဟူသည့် ကဏ္ဍကြီး ရှစ်ခုအောက်၌ ဖိုရမ်ပေါင်း ၄၅ ခု ပါဝင်မည်ဖြစ်သည်။
ကွန်ဖရင့်ကျင်းပစဉ်ကာလအတွင်း အဆင့်မြင့်ဒြပ်ပစ္စည်းဆိုင်ရာ စက်မှုနည်းပညာများအပြင် ဒြပ်ပစ္စည်းများအား ခွဲခြမ်းစိတ်ဖြာခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ နည်းပညာများ ပြသထားသည့် ပြပွဲကိုလည်း ကျင်းပမည်ဖြစ်သည်။
အဆိုပါကွန်ဖရင့်ကို တရုတ်ဒြပ်ပစ္စည်းသုတေသနအသင်းနှင့် နိုင်ငံတကာ ဒြပ်ပစ္စည်းသုတေသနအသင်းများသမဂ္ဂတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
4th World Materials Conference to highlight global frontier hot directions
BEIJING, Nov. 24 (Xinhua) -- The 4th World Materials Conference will be held in Haikou, south China's Hainan Province, from Jan. 24 to 27, 2027, bringing together scientists and industry representatives from around the world to discuss 45 emerging and cutting-edge areas of science and technology, the conference organizer said Tuesday.
The conference will provide a platform for scientists and industry professionals to exchange views on the latest advances in fundamental research and disruptive technologies in materials science, as well as explore future development of materials science and technology, the organizer said at a news briefing.
The event will feature 45 forums spanning eight major areas, namely, energy materials, advanced information materials, advanced structural materials, advanced functional materials, biomaterials, computational materials, special topics and the young scientists summit.
An exhibition showcasing advanced materials industrial technologies, as well as materials analysis and testing technologies, will also be held during the conference.
The conference is jointly organized by the Chinese Materials Research Society and the International Union of Materials Research Societies. ■
Photo caption: This aerial photo taken on Aug. 8, 2023 shows a view of the Haikou Bay in Haikou, south China's Hainan Province. (Xinhua/Yang Guanyu)