MyTech Myanmar

လူသားများထက် ပိုမိုစွမ်းအားကြီးမားလာနိုင်တဲ့ အဆင့်မြင့် ဉာဏ်ရည်တုစနစ် ပေါ်ပေါက်လာတော့မယ်

Meta ကုမ္ပဏီရဲ့ AI ဆိုင်ရာ အကြီးအကဲ (Chief AI Officer) Alexandr Wang က လူသားများထက် ပိုမိုစွမ်းအားကြီးမားလာနိုင်တဲ့ အဆင့်မြင့် ဉာဏ်ရည်တုစနစ် (Artificial Superintelligence - ASI) ပေါ်ပေါက်လာတော့မှာ ဖြစ်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့က ရေးသားဖော်ပြချက်တစ်ခုမှာ Wang က "အဆင့်မြင့် ဉာဏ်ရည်တုစနစ် (Superintelligence) ရောက်ရှိလာတော့မည်" ဟု ဆိုထားပြီး၊ လာမည့်တစ်နှစ်အတွင်း ချမှတ်မည့် ဆုံးဖြတ်ချက်များသည် လူသားမျိုးနွယ်၏ အနာဂတ်ကို ပုံဖော်ပေးသွားနိုင်ကြောင်း သတိပေးထားသည်။

AI စနစ်များသည် အချိန်ကြာလာသည်နှင့်အမျှ လူသားတို့၏ ဝင်ရောက်ပါဝင်မှုအပေါ် အားထားနေရခြင်း လျော့နည်းလာပြီး၊ ကိုယ်တိုင် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ကာ ပိုမိုဉာဏ်ရည်ထက်မြက်ပြီး စွမ်းဆောင်ရည်မြင့်မားလာနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုကိုလည်း သူက ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့အပြင် AI သည် လူသားများထက် အဆမတန် ပိုမိုဉာဏ်ရည်ထက်မြက်လာပါက ၎င်းကို လူသားတို့၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်ထားရှိရန်မှာ အလွန်ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်းလည်း Wang က သတိပေးထားသည်။

AI စနစ်များ ပိုမိုစွမ်းအားကြီးမားလာသည်နှင့်အမျှ AI လုပ်ငန်းကဏ္ဍအနေဖြင့် ဘေးကင်းလုံခြုံရေးနှင့် လူသားတို့၏ ထိန်းချုပ်နိုင်စွမ်းရှိရေး ကိစ္စရပ်များကို အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း Wang က ပြောကြားသည်။

Ref: Technology Information

မူရင်းသတင်း — MyTech Myanmar