
Artificial Superintelligence (ASI) လို့ခေါ်တဲ့ AI စူပါဉာဏ်ရည်ဟာ မကြာခင်မှာ လူသားတွေထက် ပိုမိုစွမ်းအားကြီးမားလာနိုင်တယ်လို့ Meta ရဲ့ Chief AI Officer ဖြစ်သူ Alexandr Wang က သတိပေးလိုက်ပါတယ်။ နိုဝင်ဘာ ၂၂ ရက်နေ့က တင်ခဲ့တဲ့ ပို့စ်မှာ စူပါဉာဏ်ရည်ဟာ ရောက်ရှိလာနေပြီဖြစ်ပြီး လာမယ့်တစ်နှစ်အတွင်း ချမှတ်မယ့် ဆုံးဖြတ်ချက်တွေက လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ပုံဖော်သွားနိုင်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

AI စနစ်တွေဟာ လူသားတွေရဲ့ ဝင်ရောက်လုပ်ဆောင်မှုအပေါ် ကြီးကြီးမားမား မှီခိုစရာမလိုဘဲ သူတို့ဘာသာသူတို့ အဆင့်မြှင့်တင်နိုင်လာပြီး ပိုမိုဉာဏ်ရည်ထက်မြက်ကာ စွမ်းဆောင်ရည်မြင့်မားလာနိုင်တဲ့အပေါ်မှာလည်း Wang က စိုးရိမ်ပူပန်မှုတွေ ဖော်ပြခဲ့ပါတယ်။

တကယ်လို့ AI ဟာ လူသားတွေထက် သိသိသာသာ ပိုမိုဉာဏ်ကောင်းလာခဲ့မယ်ဆိုရင် လူသားတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ဆက်လက်ထားရှိဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ သူက ထပ်လောင်းသတိပေးခဲ့ပါတယ်။ ဒါကြောင့် အဲဒီစနစ်တွေ ပိုမိုစွမ်းအားကြီးလာတာနဲ့အမျှ AI နည်းပညာလုပ်ငန်းနယ်ပယ်အနေနဲ့ ဘေးကင်းလုံခြုံရေးနဲ့ လူသားထိန်းချုပ်နိုင်မှုကို အလေးအနက်ထား လုပ်ဆောင်ရမယ်လို့ Wang က ဆိုပါတယ်။
Ref : Technology Innovation