Xinhua Myanmar

ဝမ်ရိနှင့် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Tom Berendsen တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Tom Berendsen တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Tom Berendsen နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ နိုဝင်ဘာလ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် တရုတ်-နယ်သာလန် တံခါးဖွင့်လှစ်၍ လက်တွေ့ကျသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတွင် ပို၍ အပြုသဘောဆောင်သည့် အကျိုးရလဒ်များ ရရှိစေရန် တွန်းအားပေးလိုကြောင်း၊ နယ်သာလန်နိုင်ငံအနေဖြင့်လည်း တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်တွေ့ဆောင်ရွက်မှုဖြင့် လိုက်နာလိမ့်မည်ဟု မျှော်လင့်ပြီး ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်သည် အဆင့်မြင့်အလွှာ ဖလှယ်မှုနှင့် အလွှာအသီးသီး ဆက်သွယ်ဖလှယ်မှုကို မြှင့်တင်ရန်၊ စမတ်စိုက်ပျိုးရေး၊ အစိမ်းရောင် စွမ်းအင်၊ ဇီဝဆေးဝါးထုတ်လုပ်မှုနှင့် သက်ကြီးရွယ်အိုနှင့်သက်ဆိုင်သည့် ငွေရောင် စီးပွားရေး စသည့် တိုးတက်မှုအချက်အသစ်များကို ဖော်ဆောင်ရန်၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု၏ အရည်အသွေး အဆင့်မြှင့်တင်မှုကို တွန်းအားပေးရန် လိုအပ်ကြောင်း၊ နယ်သာလန်နိုင်ငံသည် တရုတ်-ဥရောပ ဆက်ဆံရေး ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Tom Berendsen က နယ်သာလန်အစိုးရသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အလွန်အလေးထားကြောင်း၊ ဥရောပ-တရုတ် ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Tom Berendsen တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

-----------------------------

(Chinese Version)

王毅同荷兰外交大臣贝伦德森会谈

新华社北京11月25日电(记者伍岳)中共中央政治局委员、外交部长王毅25日在北京同荷兰外交大臣贝伦德森举行会谈。   

王毅表示,中方愿推动中荷开放务实的全面合作伙伴关系取得更多积极成果,希望并相信荷方将以实际行动恪守一个中国原则。双方要加强高层交往和各层级交流,打造智慧农业、绿色能源、生物制药、银发经济等新增长点,推动务实合作提质升级。希望荷方为中欧关系健康稳定发展发挥建设性作用。   

贝伦德森表示,荷政府奉行一个中国政策,高度重视对华关系,愿为欧中关系健康稳定发展发挥建设性作用。(完)

图说:11月25日,中共中央政治局委员、外交部长王毅在北京同荷兰外交大臣贝伦德森举行会谈。 新华社记者 田宇 摄

မူရင်းသတင်း — Xinhua Myanmar