ကုလသမဂ္ဂ နိုဝင်ဘာ ၂၅
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဉာဏ် ရည်တုနည်းပညာနှင့် နျူကလီးယားလက်နက်များ ပေါင်းစပ်အသုံးပြုခြင်းသည် ကြီးမားသော ဘေးဒုက္ခဖြစ်လာနိုင်ကြောင်း သတိပေးပြောကြားခဲ့ပြီး အဆိုပါနည်းပညာနှင့်ဆက်စပ်သည့် အန္တရာယ်များကို ထိန်းချုပ်စီမံရန် နိုင်ငံစုံ ပါဝင်သော မူဘောင်တစ်ခု ချမှတ်ရန် တိုက်တွန်းခဲ့သည်။
ဂူတာရက်စ်က ယမန်နေ့တွင် ကျင်းပခဲ့သော နည်းပညာသစ်များနှင့် အမျိုးသားလုံခြုံရေးဆက်စပ်မှုဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဉာဏ်ရည်တုနည်းပညာကို တာဝန်သိစွာ အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် မျှဝေနိုင်ပါက လူနေမှုဘဝများကို ပိုမိုကောင်းမွန်လာစေနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သော်လည်း စစ်မြေပြင်များတွင် အဆိုပါနည်းပညာကို တိုးမြှင့်အသုံးပြုလာနေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။
နျူကလီးယားကွပ်ကဲမှု၊ ထိန်းချုပ်မှုနှင့် ဆက်သွယ်ရေးစနစ်များတွင် ဉာဏ်ရည်တုကို ပေါင်းစပ်အသုံးပြုနိုင်ခြေရှိနေခြင်းသည် ဘေးဒုက္ခတစ်ခုဖြစ်စေမည့် အခြေအနေဖြစ်နိုင်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ဉာဏ်ရည်တုကို နျူကလီးယားစွမ်းအင်နှင့် အခြားယုံကြည်စိတ်ချရသော နည်းပညာများကဲ့သို့ တူညီသောစံနှုန်းများဖြင့် ထိန်းညှိသတ်မှတ်သင့်ကြောင်း ပြောကြားခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယုံကြည်စိတ်ချရပြီး လွတ်လပ်သောကြီးကြပ်မှုဖြင့် ကျောထောက်နောက်ခံပြုထားသည့် ဉာဏ်ရည်တုအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ နိုင်ငံစုံ မူဘောင်တစ်ခုဆီသို့ ဦးတည်ဆောင်ရွက်ကြရန် ဂူတာရက်စ်က တိုက်တွန်းပြောကြားခဲ့သည်။
နည်းပညာသစ်များကို ဖြစ်နိုင်ခြေရှိသော အန္တရာယ်ရှုထောင့်တစ်ခုတည်းမှသာ မကြည့်ဘဲ တီထွင်ဆန်းသစ်မှု၊ ခံနိုင်ရည်ရှိမှုနှင့် စီးပွားရေးလုံခြုံမှုကို မောင်းနှင်ပေးသည့်အရာများအဖြစ်လည်း ရှုမြင်သင့်ကြောင်း အမေရိကန်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
ရုရှားကိုယ်စားလှယ်ကမူ အန္တရာယ်များကို လျှော့ချရန်လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့သော်လည်း စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်းနှင့် ပတ်သက်၍ သတိထားရမည့် သဘောထားကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဉာဏ်ရည်တု သို့မဟုတ် အခြားခေတ်ရှေ့ပြေးနည်းပညာများနှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို အဆက်မပြတ်လုပ်ဆောင်နေသရွေ့ကာလပတ်လုံး ၎င်းတို့သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအသွင် ဆောင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ