Myanmar Digital News

ဒုတိယဝန်ကြီး ဦးရဲတင့် ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၅

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တွံ့တေးခရိုင် ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အဆောက်အအုံနှင့် ရုံးဝင်းအတွင်း ကြည့်ရှုစစ်ဆေးပြီး ပြည်သူ့စာကြည့်တိုက်အတွင်း စာအုပ်၊ စာစောင်များငှားရမ်းမှုအခြေအနေနှင့် ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် လူထုအခြေပြုဗဟိုဌာန၌ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ ဒလမြို့နယ်နှင့် တွံ့တေးမြို့နယ်တို့မှ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကိုမှာကြားပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News