နိုဝင်ဘာ ၂၆
မလေးရှားနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ရေကြီးရေလျှံမှု ဖြစ်စဉ်များနှင့် ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ တိုးမြင့်လာခဲ့သော်လည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ယင်းရောဂါကြောင့် သေဆုံးမှုများ သိသိသာသာလျော့ကျသွားခဲ့ကြောင်း မလေးရှားနိုင်ငံ စာရင်းအင်းဦးစီးဌာန (DOSM) က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ရေကြီးရေလျှံမှု ဖြစ်စဉ်ပေါင်း ၁၆၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်က ၁၃၄၅ ကြိမ်သာ ရှိခဲ့သည့်အတွက် တိုးမြင့်လာခဲ့ကြောင်း စာရင်းအင်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ၂၀၂၄ ခုနှစ်က ၁၂၂၄၂၃ ဦးမှ ၅၄ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျကာ ၅၅၃၉၉ ဦးသာ ရှိခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါကြောင့်သေဆုံးသူအရေအတွက်မှာလည်း ၂၀၂၄ ခုနှစ်တွင် ၁၁၇ ဦး ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၄၇ ဦးအထိ လျော့ကျခဲ့သည်။
ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏမှာမူ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၄၆၇၀၀ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးမြင့်လာပြီး တန်ချိန် ၄၈၇၀၀ အထိ ရှိလာခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို