NP News

တိုင်းနှင့်ပြည်နယ် (၄)ခုတွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်

စော(NP News)-နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း သိရသည်။

ယနေ့(နိုဝင်ဘာ ၂၆ ရက်)၊ ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန် ရာနှုန်း (၈၀) ဖြစ်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း လာမည့် (၂) ရက်အတွက် မိုးဇလမှ ခန့်မှန်းထားသည်။

ထို့ပြင် နေပြည်တော်နှင့်အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်နှင့် မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တို့အတွက် ယနေ့(နိုဝင်ဘာ ၂၆ ရက်)၊ ညနေအထိခန့်မှန်းချက်အရ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

zawgyi version

တိုင္းႏွင့္ျပည္နယ္ (၄)ခုတြင္ ညအပူခ်ိန္မ်ား အနည္းငယ္ေလ်ာ့နည္းႏိုင္
ေစာ(NP News)-ႏိုဝင္ဘာ ၂၆
စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္္ ရွမ္းျပည္နယ္တို႔တြင္ ညအပူခ်ိန္မ်ား အနည္းငယ္ ေလ်ာ့နည္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။
ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေနၿပီး ကပၸလီပင္လယ္ျပင္ေျမာက္ပိုင္းႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္တို႔တြင္ တိမ္အနည္းငယ္ ျဖစ္ထြန္းေနေၾကာင္း သိရသည္။

ယေန႔(ႏိုဝင္ဘာ ၂၆ ရက္)၊ ညေနအထိခန္႔မွန္းခ်က္အရ တနသၤာရီတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း)တို႔တြင္ ေနရာက်ဲက်ဲ၊ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္ျဖစ္ၿပီး ႐ြာရန္ ရာႏႈန္း (၈၀) ျဖစ္ကာ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္ျဖစ္ေၾကာင္း သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ညအပူခ်ိန္မ်ား အနည္းငယ္ ေလ်ာ့နည္းႏိုင္ေၾကာင္း လာမည့္ (၂) ရက္အတြက္ မိုးဇလမွ ခန႔္မွန္းထားသည္။
ထို႔ျပင္ ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္၊ ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္ႏွင့္ မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တို႔အတြက္ ယေန႔(ႏိုဝင္ဘာ ၂၆ ရက္)၊ ညေနအထိခန္႔မွန္းခ်က္အရ တိမ္အသင့္အတင့္ျဖစ္ထြန္းမည္ျဖစ္ေၾကာင္း သိရသည္။

မူရင်းသတင်း — NP News