




သက်တံ့
၂၇. ၁၁. ၂၀၂၆
Aya Bank နှင့် Aya Pay ၏ Viber မှ ကျွဲဂိမ်းကစားရန် လင့်ခ်များ ပေးပို့လာမှု ဝန်ဆောင်မှုပေးသောအဖွဲ့၏ နည်းပညာချို့ယွင်းမှုကြောင့်ဖြစ်ပြီး Viber က ဖြေရှင်းပေးနေသည်ဟု ဧရာဝတီဘဏ်က ယနေ့ အသိပေးကြေညာသည်။
ယခုလတ်တလောတွင် AYA Bank နှင့် AYA Pay ၏ Viber Business Inbox တွင် AYA Bank နှင့် AYA Pay မှ ပေးပို့ခြင်းမရှိသော အမည်မသိ Link များ ရောက်ရှိနေသည်ကို စိစစ်တွေ့ရှိရပါသည်။
ထို Link များသည် Platform အား ဝန်ဆောင်မှုပေးနေသောအဖွဲ့အစည်းမှ နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး AYA Bank နှင့် AYA Pay သာမက အလားသဏ္ဍာန်တူဖြစ်စဉ်များကို Viber Business အသုံးပြုသူများတွင်လည်း ကြုံတွေ့နေရကြောင်း သိရှိရပါသည်ဟု ဧရာဝတီဘဏ်က ဆိုသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ Viber မှအမြန်ဆုံး ဖြေရှင်းပေးရန်ကြိုးစားနေကြောင်းနှင့် AYA Bank နှင့် AYA Pay အသုံးပြုသူများအနေဖြင့် Viber Business Inbox မှ ဝင်လာသော မသင်္ကာဖွယ် Link များကို ဝင်ရောက်ကြည့်ရှုခြင်း၊ Link နှိပ်ခြင်း မပြုပါရန် အသိပေးအကြောင်းကြားအပ်ကြောင်း၊ မသင်္ကာဖွယ် တစ်စုံတစ်ရာ ကြုံတွေ့ရပါက AYA Bank Hotline – 01 231 7777 နှင့် AYA Pay Hotline နံပါတ် 01 470 5777 သို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားပေးပါရန် အသိပေးအပ်ကြောင်း ဧရာဝတီဘဏ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။