
ဟနွိုင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
၂၀၂၇ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ခေါင်းဆောင်များ အစည်းအဝေး ရက်သတ္တပတ်ကို ၂၀၂၇ ခုနှစ် နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံ Phu Quoc ကျွန်း၌ ကျင်းပမည် ဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းဒုတိယဝန်ကြီး Nguyen Minh Vu က နိုဝင်ဘာ ၂၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူမည် ဖြစ်သည်။ ဗီယက်နမ်သည် ၂၀၂၇ ခုနှစ်တွင် ဟနွိုင်းမြို့၊ ဒါနန်မြို့၊ ဟိုချီမင်းမြို့ စသည့် နေရာများတွင် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဆိုင်ရာ အခမ်းအနား ၂၀၀ ကျော်ကို ကျင်းပရန် စီစဉ်ထားပြီး ၎င်းတို့တွင် ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဉာဏ်ရည်တု၊ ဆန်းသစ်ဖန်တီးမှုဆိုင်ရာ စက်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့် နယ်ပယ်များနှင့် သက်ဆိုင်သည့် ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် အဆင့်မြင့် ဆွေးနွေးပွဲ ၁၁ ခု ပါဝင်ကြောင်း သိရသည်။
ဗီယက်နမ်ဘက်က ပူးပေါင်းဆောင်ရွက်ရေး ဦးစားပေးကိစ္စသုံးရပ်ကို အဆိုပြုထားကြောင်း Nguyen Minh Vu ပြောကြားခဲ့သည်။ ၎င်းတို့မှာ စီးပွားရေး ကုန်ထုတ်စွမ်းအား မြှင့်တင်ရေး၊ ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးရေး၊ စီးပွားရေး ကြံ့ကြံ့ခံနိုင်စွမ်း၊ အသက်ဝင်လှုပ်ရှားမှုနှင့် ပြည်သူ နေထိုင်မှုဘဝ အဆင့်အတန်း တိုးတက်စေရေးတို့ ဖြစ်သည်။ ဗီယက်နမ်သည် လုပ်ငန်းဆောင်တာအသီးသီးကို ချောမွေ့စွာ တွန်းအားပေးဆောင်ရွက်ရန် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အတွင်းရေးမှူးရုံးနှင့် အဖွဲ့ဝင် စီးပွားရေးအစုအဖွဲ့များနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
.................................................
(Chinese Version)
2027年APEC领导人会议周将在越南富国岛举行
新华社河内11月27日电(记者邹学冕 胡佳丽)越南外交部常务副部长阮明羽27日在新闻发布会上宣布,2027年亚太经合组织(APEC)领导人会议周将于2027年11月在越南富国岛举行。
越南将于2027年担任亚太经合组织东道主。据介绍,越南拟于2027年在河内、岘港、胡志明市等地举办200多场亚太经合组织活动,其中包括11场部长级会议和高级别对话,涉及贸易、金融和银行业、粮食安全、数字化转型和人工智能、创意产业、数字经济等领域。
阮明羽说,越方提出三项合作优先事项:提高经济生产率;促进区域贸易和投资;增强经济韧性、活力和改善民生。越南正与亚太经合组织秘书处及各成员经济体磋商、合作,以确保各项工作顺利推进。(完)
图说:这是3月24日拍摄的越南首都河内巴亭广场。新华社记者 朱炜 摄