Yangon Media Group

နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ

#Local_News
Published 27 November 2026

■ နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့လိုက်ပါလာသည့် အထူးလေယာဉ်သည် ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေပိုင်းတွင် ရောက်ရှိကြခဲ့ကြကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

■ ထိုသို့ရောက်ရှိစဉ် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ငုယင် ထိ ဟွန်ဗန် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဝေလင်း နှင့် ဇနီး၊ မြန်မာ စစ်သံ(ကြည်း၊ရေ၊ လေ)ဗိုလ်မှူးချုပ် ဇော်မင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

#YMG #Yangon_Times #Yangon_Media_Group

မူရင်းသတင်း — Yangon Media Group