NP News

စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြရန် အရန်တပ်ဖွဲ့ဝင် (၁)သိန်းကို ဗြိတိန်အစိုးရ ညွှန်ကြားထား

Pika (NP News) - နိုဝင်ဘာ ၂၈

အလားအလာရှိသော စစ်ပွဲကာလမျိုးတွင် စစ်သားစုဆောင်းမှုများ လုပ်ဆောင်ရမည့်အခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်ထားရန် အရန် တပ်ဖွဲ့ဝင်(၁)သိန်းခန့်ကို ဗြိတိန်ကာ ကွယ်ရေးဝန် ကြီးဌာနက ဆက်သွယ်ထားကြောင်း ဗြိတိန်မီဒီယာ များက ရေးသားဖော်ပြခဲ့သည်။
စစ်အေးခေတ်ကာလ နောက်ပိုင်း အကြီးဆုံး ဟုပြောဆိုနိုင်သည့် အဆိုပါလှုပ်ရှားမှုတွင် စစ်မှုထမ်းဟောင်း များအနေဖြင့် ၎င်းတို့၏ ဆက်သွယ်မှုစာရင်းများကို အက်ပ်ဒိတ်လုပ်ထားရန်၊ ၎င်းတို့၏ကျွမ်းကျင်မှုများနှင့် လက်ရှိ အလုပ်အကိုင်ဆိုင်ရာအချက်အလက်များကို ပေးပို့ရန်တောင်း ဆိုထားကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့ကို အထူးပြုသင်တန်းများနှင့် စစ်ရေးလေ့ကျင့်မှုများတွင်ပါဝင်ရန် ဖိတ်ကြားထားပြီး ယင်းတို့ ထဲတွင် (၂၀၂၇)ခုနှစ်အစော ပိုင်းတွင်လုပ် ဆောင်ရန်စီစဉ်ထားသည့် နေတိုးအဖွဲ့၏ “Steadfast Defender’’ စစ်ရေးလေ့ကျင့်ခန်း လည်းပါဝင် ကြောင်းသိရသည်။ ဥရောပတွင် ရုရှားကလုပ်ဆောင် နေသည့်အခြေအနေများကို ကိုးကားကာ ခြိမ်းခြောက် မှုများပိုမိုမြင့်တက် လာသည့်ပတ်ဝန်းကျင်အခြေအနေ တွင် ယင်းလုပ်ဆောင်ချက်က သင့် လျော်ပြီး လိုအပ်သည့် ကြိုတင်ကာကွယ်မှုတစ်ခုဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဝက်စ် စတွိတင်းက ပြောကြား ခဲ့သည်။ သို့ သော်လည်း ဗြိတိန်နိုင်ငံက ချက် ချင်းစစ်ပွဲ ဖြစ်ပွားမည့်အခြေအနေ မျိုးနှင့် ရင်ဆိုင်နေရခြင်းမျိုး မရှိ ကြောင်း ဝက်စ်စတွိတင်းက ဝန်ခံ ပြောဆိုခဲ့သည်။

ထို့ပြင် နေတိုးအဖွဲ့ကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည်ဆိုသည့်စွပ်စွဲပြောဆိုချက်များကို ရုရှားအစိုးရက အဓိပ္ပာယ်မရှိသောပြောဆိုချက်များအဖြစ် အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့ပြီး အနောက်အုပ်စု အစိုးရများက ၎င်းတို့၏ နိုင်ငံတွင်းရှိ ပြဿနာများကို မဲဆန္ဒရှင်များအာရုံမစိုက်စေရန်အတွက် ခြိမ်းခြောက်မှုများကို ဖန်တီးပြောဆိုနေခြင်း ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လတွင် ဝက်စ်စတွိတင်းက ဗြိတိန်နိုင်ငံအနေဖြင့် ရက်ပေါင်း (၁၀ဝဝ)အတွင်း စစ်ပွဲ အတွက်အဆင် သင့်ဖြစ်နေသင့်ကြောင်း ပြောကြားခဲ့ပြီး အကြောင်းအရင်းမှာ ရုရှားကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆)ရက်တွင် ဝက်စ်စတွိတင်းက ဗြိတိန်ပြည်သူမျာ အနေဖြင့် ရေသန့်ဘူးများ၊ စည်သွတ်အစားအစာများနှင့် ဘက်ထရီ သုံးလက်နှိပ်ဓာတ်မီးများကဲ့သို့သော မရှိမဖြစ်လိုအပ် သည့်ပစ္စည်းများကို ကြိုတင်စု ဆောင်းထားသင့်ကြောင်း အကြုံပြုပြောဆိုခဲ့သည်။

မူရင်းသတင်း — NP News