
Pika (NP News) - နိုဝင်ဘာ ၂၈
ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏လက်နက်များကို စွန့်လွှတ်ခြင်းမလုပ်ဆောင်ပါက ဂါဇာကမ်းမြောင် ဒေသရှိ ပါလက်စတိုင်းလူမျိုး (၁)သန်းကို နေရပ်စွန့်ခွာထွက်ပြေးရအောင်လုပ်ဆောင်သွားမည်ဟု အစ္စရေး၏ ယာယီ အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးက ခြိမ်းခြောက်ပြောဆိုခဲ့သည်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရှိနေသော်လည်း အစ္စရေးစစ်တပ်က ဂါဇာကမ်း မြောင်ဒေသအတွင်း ပစ်မှတ်ထားသတ်ဖြတ်မှုများ ကိုတိုးမြှင့်လုပ်ဆောင်နေချိန်တွင် အစ္စရေးကာ ကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်၏ ခြိမ်းခြောက်ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးကတ်ဇ်က “ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ (၂၀၂၃)ခုနှစ် အောက် တိုဘာလ(၇) ရက်ကဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့သူအားလုံး ကို ကျွန်တော်တို့ လိုက်လံရှာဖွေ ဖမ်းဆီးနေပါ တယ်” ဟု ပြောခဲ့သည်။ အမေရိကန်သမ္မတဒေါ် နယ်ထရမ့်၏ ကြားဝင်စေ့စပ်ပေးမှုများဖြင့် (၂၀၂၅)ခုနှစ် အောက်တိုဘာလတွင် စတင်အသက်ဝင်ခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသ၏ (၅၃)ရာခိုင်နှုန်းတွင် ဆက်လက် တပ်စွဲခွင့် ရရှိထားကြောင်း သိရသည်။
သို့သော်လည်း ဂါဇာကမ်းမြောင်ဒေသ၏(၇၀)ရာခိုင်နှုန်းမှာ ဖျက်ဆီးခံထားရပြီး အစ္စရေးစစ် တပ်၏ထိန်းချုပ်မှု အောက်တွင်ရှိနေကြောင်း အစ္စရေးကတ်ဇ်ကပြောကြားခဲ့သည်။ အစ္စရေးကတ်ဇ်က “ကျန်ရှိနေသေးတဲ့နယ်မြေတွေရဲ့ (၃၀)ရာခိုင်နှုန်း ကို ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထား တယ်ဆိုတာတွေက အမှန်တကယ်မဟုတ်ဘဲ စိတ် ကူးယဉ်သက်သက်သာဖြစ်ပါတယ်။ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့အနေနဲ့ ၎င်းတို့ဆန္ဒအလျောက် လက်နက်စွန့် လွှတ် ပြီး ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်အတိုင်း ဂါဇာကမ်းမြောင်ဒေသကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်တာမျိုး ဒါမှမဟုတ် ‘Operation Gideon’s Chariots II စစ်ဆင်ရေးရဲ့ တစ်စိတ် တစ်ပိုင်းအနေနဲ့ အစ္စရေးစစ်တပ်က ဟားမတ်စ် လက်နက် ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းအောင် လုပ်ဆောင်သွားမှာပါ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်းလူမျိုး (၁)သန်းကို နေရပ်စွန့်ခွာထွက်ပြေးရအောင် လုပ်ဆောင်ရပါလိမ့်မယ်” ဟု ပြောခဲ့သည်။
(၂၀၂၆)ခုနှစ် ဇူလိုင်လတွင် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏လက်နက်များကို လွှဲပြောင်းပေးအပ် မည့် သဘောတူညီချက်တစ်ခုကို လက်ခံခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆို ပါသဘောတူညီချက်အရ လက်နက်များကိုပါ လက်စတိုင်းနည်းပညာကျွမ်းကျင်သူများဖြင့်ဖွဲ့ စည်းထားသည့် ကော်မတီအသစ်တစ်ခုထံလွှဲ ပြောင်းပေးရမည်ဖြစ်ပြီး ယင်းကော်မတီက ဒေါ်နယ်ထရမ့်၏ငြိမ်းချမ်းရေးဘုတ်အဖွဲ့အောက်တွင် ရှိနေကာ အပစ်အခတ် ရပ်စဲရေးကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ယူထားကြောင်း သိရသည်။
