Xinhua Myanmar

သီယာဂိုဆေးလ်ဗား ဖလူမင်နိစ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆို

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာအားကစားကွင်းတွင် ဘရာဇီးနိုင်ငံ၏ ဖလူမင်နိစ်အသင်းနှင့် အာဂျင်တီးနားနိုင်ငံ၏ ပလာတန့်စ်အသင်းတို့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က ယှဉ်ပြိုင်ကစားသည့် Copa Libertadores ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွင်း ပလာတန့်စ်အသင်းမှ Gaston Togni (ယာရှေ့) နှင့် ဖလူမင်နိစ်အသင်းမှ သီယာဂိုဆေးလ်ဗားတို့ ဘောလုံးယှဉ်လုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဘရာဇီးအသင်းခေါင်းဆောင်ဟောင်း သီယာဂိုဆေးလ်ဗားအနေဖြင့် ဖလူမင်နိစ်အသင်းနှင့် စာချုပ်သက်တမ်း တိုးလိုက်ပြီဖြစ်ကြောင်း၊ သဘောတူညီချက်အရ ကစားသမား၏ အသက် ၄၃ နှစ်ပြည့် မွေးနေ့ကျော်လွန်သည်အထိ စာချုပ်သက်တမ်း အကျုံးဝင်ကြောင်း ရီယိုဒီဂျနေးရိုးအခြေစိုက် အဆိုပါကလပ်အသင်းက နိုဝင်ဘာ ၂၇ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

ယခင်စာချုပ်မှာ လာမည့်လတွင် သက်တမ်းကုန်ဆုံးရန် ရှိနေသော်လည်း ယခုအသစ်ချုပ်ဆိုလိုက်သည့် စာချုပ်အရ ဆေးလ်ဗားသည် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလအထိ ဖလူမင်နိစ်အသင်း၌ ဆက်ရှိနေမည်ဖြစ်သည်။

"ဘီလူးကြီး ဆက်ရှိနေဦးမှာပါ" ဟု ဗဟိုနောက်ခံလူ ဆေးလ်ဗား၏ ရုပ်ပုံနှင့်အတူ ကလပ်အသင်းက ထုတ်ပြန်ချက်တိုတစ်ခု၌ ဖော်ပြထားသည်။

"ပရိသတ်တွေ တောင်းဆိုခဲ့ကြတဲ့အတိုင်း ကျွန်တော် ဆက်ရှိနေမှာပါ" ဟု ဆေးလ်ဗားက ဖလူမင်နိစ်အသင်း၏ လူမှုကွန်ရက်စာမျက်နှာများတွင် တင်ထားသည့် ဗီဒီယိုတစ်ခု၌ ပြောကြားခဲ့သည်။ "အောင်မြင်မှုကြီးကြီးမားမားရဖို့ ကျွန်တော်တို့တွေ အတူတကွ ဆက်လက်ကြိုးပမ်းသွားကြမှာပါ" ဟုလည်း ၎င်းက ဆိုသည်။

ဇူလိုင်လအတွင်း ပေါ်တိုအသင်းမှ ထွက်ခွာလာပြီးနောက် ငယ်စဉ်က ကစားခဲ့သည့်ကလပ် ဖလူမင်နိစ်အသင်းသို့ တတိယအကြိမ် ပြန်လည်ရောက်ရှိလာခဲ့သော ဆေးလ်ဗားသည် အသင်းအတွက် ပွဲစဉ် ၁၆ ပွဲ ပါဝင်ကစားပေးထားပြီးဖြစ်သည်။

၎င်း၏ ကစားသမားဘဝတွင် ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ)၊ အေစီမီလန် နှင့် ချဲလ်ဆီးအပါအဝင် အခြားကလပ်အသင်းများ၌လည်း ကစားခဲ့ဖူးပြီး ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၁၁၃ ပွဲ ပါဝင်ကစားပေးထားသူလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာအားကစားကွင်းတွင် ဘရာဇီးနိုင်ငံ၏ ဖလူမင်နိစ်အသင်းနှင့် ပါလ်မီးရက်စ်အသင်းတို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားသည့် Copa Libertadores ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွင်း ဖလူမင်နိစ်အသင်းမှ သီယာဂိုဆေးလ်ဗားကို တွေ့ရစဉ် (ဆင်ဟွာ)

..........................................

(English Version)

Thiago Silva signs new Fluminense contract

RIO DE JANEIRO, Nov. 27 (Xinhua) -- Former Brazil captain Thiago Silva has extended his contract with Fluminense in a deal that runs until after his 43rd birthday, the Rio de Janeiro side said on Friday.

Silva, whose previous agreement had been due to expire next month, will now be tied to Fluminense until December 2027.

"The Monster is staying," the club said in a brief statement accompanied by an image of the center-back.

"You asked for it and now I'm going to stay," Silva said in a video posted on Fluminense's social media accounts. "We're going to stick together in search of great triumphs."

Silva has made 16 appearances for Fluminense since leaving Porto to begin his third spell at his boyhood club in July.

His career has also included stints at Paris Saint-Germain, Milan and Chelsea, among other clubs, and he has been capped 113 times for Brazil. ■

Photo caption 1: Gaston Togni (front R) of Platense and Thiago Silva of Fluminense vie for the ball during the first leg of the Copa Libertadores quarter final football match between Brazil's Fluminense and Argentina's Platense at the Maracana stadium in Rio de Janeiro, Brazil, Sept. 8, 2026. (Xinhua/Jin Haoyuan)

Photo caption 2: Thiago Silva of Fluminense reacts during the first leg of the Copa Libertadores semifinal football match between Brazil's Fluminense and Palmeiras at the Maracana stadium in Rio de Janeiro, Brazil, Oct. 14, 2026. (Photo by Daniel Ramalho/Xinhua)

မူရင်းသတင်း — Xinhua Myanmar