Xinhua Myanmar

ဖီဖာ ယူ ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်းအဆင့်တွင် တရုတ်နှင့် ဆားဘီးယား ယှဉ်ပြိုင်ရမည်

ကာတာနိုင်ငံ ဒိုဟာမြို့တွင် တရုတ်အသင်းနှင့် ဖီဂျီအသင်းတို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု H ပွဲစဉ်အတွင်း တရုတ်အသင်းမှ ကျောက်ဆုန်းယွမ် (ဝဲ) နှင့် ဖီဂျီအသင်းမှ အိုင်ဒန်အလီ (ယာ) တို့ ဘောလုံးယှဉ်လုနေကြစဉ် (ဆင်ဟွာ)

ဒိုဟာ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၂၇ ရက်က အုပ်စုအဆင့် ပွဲစဉ်များ ကျင်းပပြီးစီးသွားပြီးနောက် ဖီဖာ ယူ ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိသည့် အသင်း ၃၂ သင်းနှင့် ပထမအဆင့် ရှုံးထွက်ပွဲစဉ်များ အတည်ဖြစ်လာခဲ့သည်။ ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပမည့် ၃၂ သင်းအဆင့် ပွဲစဉ်၌ တရုတ်အသင်းနှင့် ဆားဘီးယားအသင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အသင်း ၄၈ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ၄ သင်းစီပါဝင်သည့် အုပ်စု ၁၂ ခုအဖြစ် ခွဲခြားထားသည်။ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၂ သင်းနှင့် အုပ်စုတတိယနေရာ ရရှိခဲ့သည့် အသင်းများအနက် အကောင်းဆုံးရလဒ်ပိုင်ဆိုင်ထားသော အသင်း ၈ သင်းတို့က ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့် ရရှိကြသည်။

တရုတ်အသင်းအနေဖြင့် အုပ်စု H တွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၄ မှတ်ရရှိကာ တတိယနေရာတွင် ရပ်တည်ခဲ့ပြီး ၎င်းတို့၏ သမိုင်းတစ်လျှောက် တတိယအကြိမ်မြောက်အဖြစ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ဆားဘီးယားအသင်းမှာမူ အုပ်စု L တွင် ၃ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး ပြိုင်ဘက်အသင်းများအား ဂိုးသွင်းခွင့် လုံးဝမပေးခဲ့ရဘဲ အုပ်စုထိပ်ဆုံးနေရာကို ရယူထားသည်။

၃၂ သင်းအဆင့် ပွဲစဉ်များကို နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် ကျင်းပသွားမည် ဖြစ်သည်။ အခြား စိတ်ဝင်စားဖွယ် ပွဲစဉ်များအဖြစ် မက္ကဆီကိုနှင့် အာဂျင်တီးနား၊ စပိန်နှင့် ဥဇဘက်ကစ္စတန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ကာတာနိုင်ငံ ဒိုဟာမြို့တွင် တရုတ်အသင်းက ဖီဂျီအသင်းအား ၈-၀ ဂိုးဖြင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်၌ အနိုင်ရသည့် ၂၀၂၆ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု H ပွဲစဉ်အတွင်း ဂိုးရရှိမှုအတွက် အောင်ပွဲခံနေသည့် တရုတ်အသင်းမှ ကျန်းကျွင်းဟောင် (ဝဲ) ကို တွေ့ရစဉ် (ဆင်ဟွာ)

..........................................

(English Version)

China to face Serbia in round of 32 at FIFA U17 World Cup

DOHA, Nov. 27 (Xinhua) -- All 32 qualified teams and the first-round knockout matchups of the FIFA U17 World Cup were confirmed after the conclusion of the group stage on Friday. China will face Serbia in the round of 32 on Tuesday.

The tournament features 48 teams divided into 12 groups of four, with the top two teams from each group and the eight best third-placed teams advancing to the knockout stage.

China finished third in Group H with four points from one win, one draw and one defeat, reaching the knockout stage for the third time in its history.

Serbia topped Group L with three straight wins without conceding a goal.

The round of 32 will be played on Monday and Tuesday. Other notable matchups will see Mexico take on Argentina, Spain face Uzbekistan, and South Korea meet Japan. ■

Photo caption 1: Zhao Songyuan (L) of China vies with Aidan Ali (R) of Fiji during the group H match between China and Fiji at the 2026 FIFA U-17 World Cup in Doha, Qatar, on Nov. 26, 2026. (Xinhua/Wang Zecong)

Photo caption 2: Zhang Junhao (L) celebrates scoring with teammate Kuang Zhaolei during China's 8-0 win against Fiji in Group H at the 2026 FIFA U17 World Cup in Doha, Qatar, on Nov. 26, 2026. (Xinhua/Wang Zecong)

မူရင်းသတင်း — Xinhua Myanmar