သတိုး
၂၈. ၁၁.၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှု (CLMV)ထိပ်သီးအစည်းအဝေးနှင့်(၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးမှုအထိမ်းအမှတ်အဖြစ် ယနေ့ညပိုင်းတွင် ဟနွိုင်းမြို့ရှိ၊ Melia Hanoi ဟိုတယ်၌ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။




နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် (၁၂)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေး တက်ရောက်ကာ မိန့်ခွန်းပြောကြားခြင်းနှင့် (၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပကာ ထိုင်းနိုင်ငံဝန်ကြီးချုပ်အား အက်ခ်မက်အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းပေးခြင်းများကို ယနေ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။