Kanbawza Tai News

ဟိုပုံးတန်ဆောင်တိုင် မီးထွန်းပွဲတော် စတင်ဖွင့်လှစ်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် ဖွင့်ပွဲကို ယနေ့ နိုဝင်ဘာလ ၂၈ ရက်၊ ညနေပိုင်းက ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးတန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စိုင်းလုံကျော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ခွန်ဖိုးစိန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မီးပုံးပျံငယ်များ လွှတ်တင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများက ရတနာဒီပံ ဆီမီး ထွန်းညှိပူဇော်ပြီး ဟိုပုံး အထက (၁) နှင့် အထက (၂) ကျောင်းသား/သူများက မီးပုံးအလှ ကပြဖျော်ဖြေကာ ကျောင်းသား/သူများအား ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ ပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ ၂၈ ရက် မှ ဒီဇင်ဘာလ ၂ ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ ၁၅ လုံး လွှတ်တင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော်အတွင်း မီးပုံးပျံပြိုင်ပွဲအပြင် မီးပဒေသာ လှည့်လည်ပူဇော်ပွဲကို ညစဉ် ပြုလုပ်သွားမည်ဖြစ်ပြီး သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့ ရင်ပြင်တွင် ပွဲဈေးတန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရဿည်။

မူရင်းသတင်း — Kanbawza Tai News