
လဟယ် ၊ နို၀င်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းနှင့် ဦးစီးအဖွဲ့၀င်များသည် ယနေ့ နံနက် (၀၉:၀၀)နာရီအချိန် လဟယ်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း ၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် စက်မှုကျောင်းသားများအား ဩဝါဒချီးမြှင့်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းနားသို့ တက်ရောက်သည်။
ဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းနှင့် အတွင်းရေးမှူး ဦးညီညီထွေးတို့က ဆုံးမဩဝါဒစကား ပြောကြားသည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများသို့ သွားရောက်ပညာသင်ကြားကြမည့် (လဟယ်၊နန်ယွန်း) မြို့နယ်မှ ကျောင်းသား/ကျောင်းသူ(၃၀)ဦးအား နာဂဦးစီးအဖွဲ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost