
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
တောင်ကြီးတက္ကသိုလ်၏ (၃၂) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို လာမည့် ဒီဇင်ဘာလ ၄ ရက်တွင် စတင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နေ့သင်တန်းမှ ဘွဲ့ရရှိသူများနှင့် ၂၀၂၅ ပညာသင်နှစ် အဝေးသင်သင်တန်းမှ ဘွဲ့ရရှိသူများအား ဘွဲ့များအပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
နေ့သင်တန်းမှ ဘွဲ့ရရှိသူများအတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင် ၃ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး အဝေးသင်သင်တန်းမှ ဘွဲ့ရရှိသူများအတွက် ဒီဇင်ဘာ ၇ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးတက္ကသိုလ်မှ ဘွဲ့ရရှိထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ရန် လျှောက်ထားသူများအနေဖြင့် သတ်မှတ်ရက်များအလိုက် တောင်ကြီးတက္ကသိုလ်၌ ကျင်းပမည့် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။